Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ဖျက်ဆီး

ထို့နောက် မွန်းလွဲ ၁နာရီခွဲခန့်တွင် ကွမ်းစီးကန်အနီး ကျောက်ထပ်အနောက်ဖက်ရှိ စစ်ဘေးရှောင်တဲစခန်းများကို ဝင်ရောက်မီးရှို့ ဖျက်​ဆီးခဲ့ရာ တဲပေါင်း ၁၈လုံးကျော် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG
စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)နံနက် ၃နာရီခန့်က စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ရေစကြိုမြို့နယ်၊ ကွမ်းစီးကန်ကျေးရွာသို့ အင်အား၈၀ခန့်ဖြင့် ဝင်ရောက်လာခဲ့သည်။

ထို့နောက် မွန်းလွဲ ၁နာရီခွဲခန့်တွင် ကွမ်းစီးကန်အနီး ကျောက်ထပ်အနောက်ဖက်ရှိ စစ်ဘေးရှောင်တဲစခန်းများကို ဝင်ရောက်မီးရှို့ ဖျက်​ဆီးခဲ့ရာ တဲပေါင်း ၁၈လုံးကျော် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG
စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG

ထို့အပြင် စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များ၏ ဆိုင်ကယ်နှင့် လှည်းများကိုပါ မောင်းယူသွားပြီး တန်ဖိုးရှိပစ္စည်းများကိုလည်း သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်ကြောင်းက နည်းပညာတက္ကသိုလ်(ပခုက္ကူ)မှာ တပ်စွဲထားတဲ့ စစ်တပ်။ ရွာသားတွေလ​ည်း ဖမ်းသွားတယ်ပြောတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG
စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG

ထို့အပြင် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၇ ရက်ကလည်း ရေစကြိုမြို့နယ် တောင်ဦးကျေးရွာရှိ နေအိမ် ၁၀လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

စစ်ကောင်စီတ​ပ်သ​ည် ယခုအောက်တိုဘာအတွင်း၌ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြောင်၊ ပေါက်နယ်များရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။