Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ဖျက်ဆီး

ထို့နောက် မွန်းလွဲ ၁နာရီခွဲခန့်တွင် ကွမ်းစီးကန်အနီး ကျောက်ထပ်အနောက်ဖက်ရှိ စစ်ဘေးရှောင်တဲစခန်းများကို ဝင်ရောက်မီးရှို့ ဖျက်​ဆီးခဲ့ရာ တဲပေါင်း ၁၈လုံးကျော် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG
စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)နံနက် ၃နာရီခန့်က စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ရေစကြိုမြို့နယ်၊ ကွမ်းစီးကန်ကျေးရွာသို့ အင်အား၈၀ခန့်ဖြင့် ဝင်ရောက်လာခဲ့သည်။

ထို့နောက် မွန်းလွဲ ၁နာရီခွဲခန့်တွင် ကွမ်းစီးကန်အနီး ကျောက်ထပ်အနောက်ဖက်ရှိ စစ်ဘေးရှောင်တဲစခန်းများကို ဝင်ရောက်မီးရှို့ ဖျက်​ဆီးခဲ့ရာ တဲပေါင်း ၁၈လုံးကျော် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG
စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG

ထို့အပြင် စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များ၏ ဆိုင်ကယ်နှင့် လှည်းများကိုပါ မောင်းယူသွားပြီး တန်ဖိုးရှိပစ္စည်းများကိုလည်း သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်ကြောင်းက နည်းပညာတက္ကသိုလ်(ပခုက္ကူ)မှာ တပ်စွဲထားတဲ့ စစ်တပ်။ ရွာသားတွေလ​ည်း ဖမ်းသွားတယ်ပြောတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG
စစ်ဘေးရှောင် ယာယီတဲများအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Pakokku UG

ထို့အပြင် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၇ ရက်ကလည်း ရေစကြိုမြို့နယ် တောင်ဦးကျေးရွာရှိ နေအိမ် ၁၀လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

စစ်ကောင်စီတ​ပ်သ​ည် ယခုအောက်တိုဘာအတွင်း၌ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြောင်၊ ပေါက်နယ်များရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။