Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် စစ်ဘေးရှောင် မိန်းကလေးတစ်ဦးပိုးထိပြီး အသက်အန္တရာယ်စိုးရိမ်ရ

ဝက်လက်နယ်တင်မကဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း ​စစ်ဘေးရှောင်များမကြာ ခဏ​မြွေကိုက်၍ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်။

ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj
ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် (၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မြွေကိုက်ခံရပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်းဒေသခံများက ပြောသည်။

နိုဝင်ဘာ ၈ ရက်ည ၇နာရီ ၄၅ မိနစ်ခန့်က ဝက်လက် မြို့နယ်တစ်နေရာတွင် စစ်ဘေးရှောင်နေသော ဟန်လင်းမြို့ဟောင်း၊ ထနောင်းကုန်းရပ်ကွက် မှ (၈)နှစ် မိန်းကလေးငယ်မှာ ဘက်ဘက်လက်ညှိုး မြွေပွေးကိုက်ခံရပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။

ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj
ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj

“ကလေးက ညပိုင်းအိပ်ရာထဲ အိပ်နေတုန်း မြွေကဝင်ကိုက်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်နယ်တင်မကဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း ​စစ်ဘေးရှောင်များမကြာ ခဏ​မြွေကိုက်၍ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj
ပိုးထိကလေးငယ်အား တွေ့ရစဥ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ၊ ဓာတ်ပုံ-Cj

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်း ရှိ ဟန်လင်းပျူမြို့ဟောင်းအပါအဝင် ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

နိုဝင်ဘာ ၇ ရက် ညပိုင်းက ဝက်လက်မြို့နယ်ရှိမ်းမကားနယ်မြေရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ​မိသားစုဝင်လေးဦး ထိမှန်ခဲ့ပြီး ကလေးမိခင်တစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။