Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူ များ အကူအညီလိုအပ်နေ၊ ထမင်းထုပ်နှင့် ဆန်အိတ် များ ပို့ဆောင်ပေးထား

နိုဝင်ဘာ၂၃ ရက် နောက်ပိုင်းက ခင်ဦးနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများအား နိုဝင်ဘာ၂၄ ရက်မှ ၂၇ ရက်အထိ ထမင်းထုပ်ပေါင်း (၁၈၃၉) ထုပ်နှင့် ဆန်အိတ်သုံးပိုင်းလှူဒါန်းခဲ့သည်။

မီးရှို့ခံရသည့်ကျေးရွာများအား လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF
မီးရှို့ခံရသည့်ကျေးရွာများအား လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာအများအပြား အကူအညီများလိုအပ်နေပြီး စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် လက်တလော ထမင်းထုပ်နှင့် ဆန်အိတ်များ ပို့ဆောင်ပေးထားကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ၂၃ ရက် နောက်ပိုင်းက ခင်ဦးနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများအား နိုဝင်ဘာ၂၄ ရက်မှ ၂၇ ရက်အထိ ထမင်းထုပ်ပေါင်း (၁၈၃၉) ထုပ်နှင့် ဆန်အိတ်သုံးပိုင်းလှူဒါန်းခဲ့သည်။

ထို့အပြင် နိုဝင်ဘာ၂၅ ရက်က ဆိုင်တန်းများ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရသည့် မြင်းဒေါင်းကျေးရွာရှိ ပြည်သူများအတွက် ကျပ်ငါးသိန်းခွဲတန်ဖိုးရှိ ဆန်အိတ်ပိုင်း (၁၀)ပိုင်းလှူဒါန်းပေးထားကြောင်း KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။

အလားတူ နိုဝင်ဘာ၂၃ ရက်က စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကန့်ဘလူမြို့နယ် ကျောက်တိုင် ရွာအတွက်လည်း KURDAFက ဆန်အိတ်ပိုင်း (၃၀)နှင့် ကလေးဝတ်ဘောင်းဘီ (၃၀၀)လှူဒါန်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“သုံးခုပေါင်း ကျပ်သိန်း ၃၀ကျော် လှူဒါန်းထားပါတယ်။ အကူအညီတွေကတော့ လိုအပ်နေဆဲပါပဲ။”ဟု KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

ခင်ဦးနယ်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မှ ၂၀၂၂ နိုဝင်ဘာလကုန်အထိ မီးရှို့ခံရသော ကျေးရွာပေါင်း (၅၇)ရွာ ၊ မီးသင့်အိမ်ခြေ စုစုပေါင်း (၂၆၃၃)နှင့် ကျဆုံးရဲဘော်နှင့် ဒေသခံပြည်သူ ၂၄၁ဦး ရှိသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ သတင်းအချက်အလက် ရရှိနိုင်မှုအခြေအနေအရ မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း ဒေသခံများက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

မေးမြန်းခန်း

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာလည်းဖြစ် ၊ကရင်နီကြားကာလအတိုင်ပင်ခံ​ကောင်စီ (IEC)အတွင်း​ရေးမှူးလည်းဖြစ်တဲ့ ဦးဗညားခွန်း​အောင်ကို လူထုနွေဦး (People's Spring )က ဆက်သွယ်မေးမြန်းထားပါတယ်။