Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူ များ အကူအညီလိုအပ်နေ၊ ထမင်းထုပ်နှင့် ဆန်အိတ် များ ပို့ဆောင်ပေးထား

နိုဝင်ဘာ၂၃ ရက် နောက်ပိုင်းက ခင်ဦးနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများအား နိုဝင်ဘာ၂၄ ရက်မှ ၂၇ ရက်အထိ ထမင်းထုပ်ပေါင်း (၁၈၃၉) ထုပ်နှင့် ဆန်အိတ်သုံးပိုင်းလှူဒါန်းခဲ့သည်။

မီးရှို့ခံရသည့်ကျေးရွာများအား လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF
မီးရှို့ခံရသည့်ကျေးရွာများအား လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာအများအပြား အကူအညီများလိုအပ်နေပြီး စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် လက်တလော ထမင်းထုပ်နှင့် ဆန်အိတ်များ ပို့ဆောင်ပေးထားကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ၂၃ ရက် နောက်ပိုင်းက ခင်ဦးနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများအား နိုဝင်ဘာ၂၄ ရက်မှ ၂၇ ရက်အထိ ထမင်းထုပ်ပေါင်း (၁၈၃၉) ထုပ်နှင့် ဆန်အိတ်သုံးပိုင်းလှူဒါန်းခဲ့သည်။

ထို့အပြင် နိုဝင်ဘာ၂၅ ရက်က ဆိုင်တန်းများ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရသည့် မြင်းဒေါင်းကျေးရွာရှိ ပြည်သူများအတွက် ကျပ်ငါးသိန်းခွဲတန်ဖိုးရှိ ဆန်အိတ်ပိုင်း (၁၀)ပိုင်းလှူဒါန်းပေးထားကြောင်း KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။

အလားတူ နိုဝင်ဘာ၂၃ ရက်က စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကန့်ဘလူမြို့နယ် ကျောက်တိုင် ရွာအတွက်လည်း KURDAFက ဆန်အိတ်ပိုင်း (၃၀)နှင့် ကလေးဝတ်ဘောင်းဘီ (၃၀၀)လှူဒါန်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“သုံးခုပေါင်း ကျပ်သိန်း ၃၀ကျော် လှူဒါန်းထားပါတယ်။ အကူအညီတွေကတော့ လိုအပ်နေဆဲပါပဲ။”ဟု KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

ခင်ဦးနယ်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မှ ၂၀၂၂ နိုဝင်ဘာလကုန်အထိ မီးရှို့ခံရသော ကျေးရွာပေါင်း (၅၇)ရွာ ၊ မီးသင့်အိမ်ခြေ စုစုပေါင်း (၂၆၃၃)နှင့် ကျဆုံးရဲဘော်နှင့် ဒေသခံပြည်သူ ၂၄၁ဦး ရှိသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ သတင်းအချက်အလက် ရရှိနိုင်မှုအခြေအနေအရ မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း ဒေသခံများက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။