Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ ကုန်းသာစစ်ဘေးရှောင်စခန်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံး

ယမန်နေ့ည ၉ နာရီခန့်က မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂)တပ်မှ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ကလေးငယ်အပါအဝင် ဒဏ်ရာရရှိသူများလည်းရှိ

လွိုင်ကော်မြို့ ကုန်းသာကျေးရွာစစ်ဘေးရှောင်စခန်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့ (အောက်တိုဘာ ၂၄ ရက်)ထုတ်ပြန်သည်။

ယမန်နေ့ည ၉ နာရီခန့်က မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ (၄၂၂)တပ်မှ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

သေဆုံးခဲ့သူမှာ အသက်(၃၅)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့ရောက်တော့ အမျိုးသားကတော့ ဆုံးနှင့်ပြီ၊ အမျိုးသမီးမှာတော့ ခေါင်းကို လက်နက်ကြီးစ ထိထားတဲ့ ဒဏ်ရာနဲ့၊ ဒဏ်ရာကတော်တော်ပြင်းတယ်၊ ပြီးတော့ (၈)နှစ်အရွယ် ကလေးမှာလည်း ပေါင်ကို ရှပ်ထိဒဏ်ရာရထားတယ်၊ ၆ လအရွယ် ကလေးတယောက်လည်းရှိတယ်။သူကတော့ မထိခိုက်မိထားဘူး “ဟု ကွန်ရက်တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ယခုလအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အရပ်သား ၅ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသအတွင်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူ ၆၅ ဦးအထိရှိကြောင်းလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။