သတင်း စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတိုးချဲ့ဖို့ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို ကန်အောက်လွှတ်တော်ကော်မတီ တစ်ရက်တည်းအတည်ပြု စစ်ကောင်စီရဲ့ ပင်မငွေကြေးအရင်းအမြစ်ကို ဖြတ်တောက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျစေဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကော်မတီက မနေ့က(ဇူလိုင် ၂၂ရက်)တစ်ရက်တည်း အတည်ပြုလိုက်တယ်လို့ သိရပါတယ်။ ludunwayooဇူလိုင် 24, 2025
သတင်း မန္တလေးမြို့အနီးတိုက်ပွဲတွေဖြစ်နေချိန် မြို့ပေါ်မှာစစ်သားစုဆောင်းနေ မန္တလေးနန်းတွင်းကနေ ၁၅ မိုင်ခန့်အကွာအဝေးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေပေမယ့် မြို့ပေါ်မှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက လာမယ့် စစ်မှုထမ်းအပတ်စဉ် အတွက် လူအင်အားစုဆောင်းဖို့ ရပ်ကွက်တွေမှာ မဲနှိုက်စေတာတွေ ပြုလုပ်နေတယ်လို့မြို့ခံတွေဆီကသိရပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့အင်ဒိုနီးရှားဖက်ရှင်ဒီဇိုင်နာကိုလွတ်ငြိမ်းခွင့်ပေးပြီးပြည်နှင်ဒဏ်ပေး မတရားအသင်းဆက်သွယ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုစွပ်စွဲချက်တွေနဲ့စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချမှတ်တာခံထားရတဲ့ အင်ဒိုနီးရှား နိုင်ငံသား ဖက်ရှင်ဒီဇိုင်နာ၊ အွန်လိုင်းမှာ လူသိများသူ အမျိုးသားဟာ အခုအခါ ပြန်လည် လွတ်မြောက်လာပြီး ဇာတိနိုင်ငံ ပြန်ရောက်နေပြီလို့ သိရပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်ကောင်စီဗိုလ်ကြီးတစ်ဦး ဖမ်းဆီးခံရစဥ် လက်နက်လုသဖြင့် ရှင်းလင်းခဲ့ဟု ဗိဿနိုးPDF ထုတ်ပြန် မကွေးတိုင်း၊ တောင်တွင်းကြီး-မြို့သစ်လမ်းပိုင်းတွင် အမှတ်(၂၉)ခြေလျင်တပ်ရင်း(ခလရ-၂၉)မှ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ဝင်လုသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ဆက်ဆံရေးဌာနတာ၀န်ခံစောနန္ဒက လူထုနွေဦးသို့ ပြောသည်။ ludunwayooဇူလိုင် 23, 2025
သတင်း ကော့ကရိတ်မြို့အနီး KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲဖြစ်နေ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ဒီနေ့ (ဇူလိုင် ၂၂)ရက်နေ့ မနက်အစောပိုင်းကစပြီးကရင်အမျိုးသားအစည်းအရုံး(KNU ) လက်အောက်ခံ KNLA တပ်မဟာ (၆ ) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ကော့ကရိတ်ဒေသခံသတင်းရင်းမြစ် တွေက ပြောပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း ထားဝယ်အရှေ့ခြမ်းရှိ KNLA ဂိတ်စခန်းကို စစ်ကောင်စီတပ် ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကားသမားနှင့် ခရီးသွားပြည်သူ ၂ဦးသေ၊ ၅ဦး ဒဏ်ရာရ ludunwayooဇူလိုင် 23, 2025
သတင်း အုတ်ဖိုမြို့ပေါ်မှ စစ်ကောင်စီအုပ်ကြီးနဲ့ဇနီး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖို့မြို့၊ ကွေ့ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်တပ်၏ ကာမီကာဇေဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက်တွင်ပျက်ကျ စစ်ကောင်စီ၏ ကာမီကာဇေ အသေခံဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက် ယနေ့(ဇူလိုင် ၂၂ ရက်)တွင် ပျက်ကျခဲ့ကြောင်း ထိုင်းမတိချွန်သတင်းဌာနက ဖော်ပြသည်။ ludunwayooဇူလိုင် 23, 2025
သတင်း ပန်ဆိုင်းနှင့်မုန်းကိုးတွင်MNDAAအလံဖြုတ်ပြီး စစ်ကောင်စီအလံလွှင့်ထူထားဟုသတင်းထွက်နေ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းယူခဲ့သည့် မြို့များအနက် ပန်ဆိုင်းနှင့် မုန်းကိုးမြို့မှဌာနဆိုင်ရာရုံများတွင် MNDAAက ၎င်းတို့၏ အလံကိုဖြုတ်ချပြီး စစ်ကောင်စီအသုံးပြုနေသည့်အလံလွှင့်ထူခွင့်ပြုထားကြောင်း သတင်းထွက်ပေါ်နေသည်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံရသူများ အခွင့်သာတိုင်း ပြည်သူ့ဘက်အမြန်ကူးပြောင်းခိုလှုံရန် NUG ထပ်မံ တိုက်တွန်း အာဏာသိမ်းစစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသော တပ်သားသစ်များ အနေဖြင့်အခွင့်သာသည့် အချိန်တိုင်းတွင် တော်လှန် ရေးအင်အားစုများထံသို ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို အမြန်ဆုံးကူးပြောင်းခိုလှုံရန် အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက် တွန်းလိုက်သည်။ ludunwayooဇူလိုင် 22, 2025