Connect with us

Hi, what are you looking for?

သတင်း

ပလမြို့အနီး တိုက်ပွဲပြင်းထန်နေ

စစ်စခန်းအနီးပြည်သူ​တွေ​ရှောင်ရှားကြဖို့ ၊ ပြည်​ထောင်စုလမ်းကိုမသုံးဖို့ ၊အိမ်အတွင်းပိတ်မိ​နေရင်ကျည်ကွယ်ရာ​နေဖို့

ပု​လောမြို့နယ် ၊​ကျောက္ကာရွာရှိ ပျူ​စောထီးစခန်းကိုသိမ်းပိုက်ပြီး​နောက် PDF ​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-မြိတ်ခရိုင်တပ်ရင်း-၁

PDF ​တွေသတိ​ပေး

ဇူလိုင်-၂၅၊၂၀၂၅။ကျော်ဇော၊ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပလမြို့အနီးတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက People’s Spring ကို ပြောပါတယ်။

ပလမြို့အနီးဝန်းကျင်မှာ ဇူလိုင် ၂၃ ရက် ညပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ မြေပြင်မှာ တိုက်ပွဲပြင်းထန်နေလို့ ရန်သူဘက်က လေကြောင်းပစ်ကူပေးနေတာမျိုးပါဗျ။ လက်ရှိအထိ လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်ရှိပါပြီ” လို့ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ (ဇူလိုင်၂၅ရက်) အခြေအနေကို ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ပလမြို့အနီးဝန်းကျင်နဲ့ တပို၊ ကဒဲနဲ့ ကျောက်ကမ်းဖဲ စတဲ့ကျေးရွာတွေကို ပစ်ခတ်​ဗုံးကြဲချနေတာဖြစ်ပါတယ် ။ပြည်သူ ၁၀ ဦး ဝန်းကျင်ရှိထိခိုက်​သေဆုံးမှု​တွေရှိတယ်လို့​ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက ပြောပါတယ် ။ လတ်တ​လော ပြည်သူ အ​လောင်း ၄ ​လောင်းကိုပဲ ထုတ်ယူနိုင်​သေးတယ်လို့ သူကဆက်​ပြောပါတယ်။

“စကစ ဘက်က စစ်ကြောင်းထိုးလာတာပါ။ လက်ရှိ မြေပြင်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်။ ရန်သူ့ဘက်က ကြည်း၊ ရေ၊ လေ အင်အားအကုန်သုံးတယ်။ လေကြောင်း တိုက်ခိုက်မှု သပ်သပ် ၂ရက်အတွင်း ၁၄ကြိမ်ရှိတယ်” လို့ရဲ​ဘော်အာနိုးကဆက်​ပြောပါတယ်။

ပလမြို့နဲ့ ပလမြို့အနီးဝန်းကျင်က ရွာတွေကို​လေ​ကြောင်းက​နေ ဗုံးကြဲ တိုက်ခိုက်​နေတာလို့ မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း People’s Springကို ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေကို မနေ့က ဇူလိုင် ၂၄ ရက်နဲ့ ဇူလိုင် ၂၅ ရက်(ဒီနေ့)အထိ နှစ်ရက်ဆက်ပြုလုပ်နေတာဖြစ်ပြီး ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်းနဲ့ စစ်သင်္ဘောတွေပေါ်ကပါ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာလို့ ဆိုပါတယ်။

လတ်တလောမှာ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် ပလမြို့အနီးဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ နှစ်ဘက်တိုက်ပွဲအခြေအနေအပြည့်အစုံကို မသိရသေးပါဘူး။

မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီနေ့(ဇူလိုင် ၂၅)ညနေ အသိပေးချက်ထုတ်ပြန်ရာမှာ နှစ်ဘက်စစ်ရေးပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်စခန်းအနီးနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာကို အလျင်အမြန်ရှောင်တိမ်းကြဖို့၊ အမှတ်(၈)ပြည်ထောင်စုလမ်းမှ မြိတ်-ပုလောလမ်းပိုင်းကို အသုံးမပြုကြဖို့အသိပေးထားပါတယ်။ဒါအပြင်အိမ်​အတွင်း ပိတ်မိ​နေရင်လည်းကျည်ကွယ်မျက်ကွယ်နေရာ​တွေမှာတတ်နိုင်သလောက် လုံခြုံစွာနေထိုင်ကဖို့ အကြံပြုထားပါတယ်။

မြိတ်ခရိုင်တပ်ရင်း(၁)က ဇူလိုင် ၁၉ရက်နေ့မှာ မဟာမိတ်ပူးပေါင်းတပ်​တွေနဲ့အတူစစ်ရှိန်မြှင့်​ဖို့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ် ။စစ်ကောင်စီ တပ်ဖွဲ့ဝင်​တွေနဲ့ စစ်တပ်​ဒေါက်တိုင်​တွေကိုအရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ စစ်စခန်း​တွေအနီး နေထိုင်ကြတဲ့ ပြည်သူ​တွေ စစ်ရေးသတိနဲ့နေထိုင်သွားလာကြဖို့ ၊ စစ်စခန်းချရာ နေရာ​တွေကိုတက်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ထုတ်ပြန်ခဲ့ပါတယ်။။ စစ်ကောင်စီကလည်း ဇူလိုင် ၁၉ ရက်​နေ့မှာပုလောမြို့နယ် ဇရပ်ဆိပ်ရွာ အုပ်စု မိမ္မမြို့ကျေးရွာအနီး လေကြောင်း က​နေ ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ ​တွေ​​သေဆုံးဒဏ်ရာရခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။