Connect with us

Hi, what are you looking for?

သတင်း

မန္တလေး PDF သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများတွင် တရုတ်လက်နက်ကုမ္ပဏီက ပစ္စည်းများပါဝင်နေဟု JFM အတည်ပြု

စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် NORINCO အားဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM အကြံပြု

မန္တလေး PDF က စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရရှိသော တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအမှတ်တံဆိပ်ပါ စစ်လက်နက်သေတ္တာများကို တွေ့ရစဉ်။ ဓာတ်ပုံ - MDY-PDF

ဇူလိုင်-၂၅၊၂၀၂၅။တေဇ/People’s Spring

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မက စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများတွင် တရုတ်နိုင်ငံပိုင် လက်နက်ကုမ္ပဏီမှ ထုတ်လုပ်‌သော ပစ္စည်းများပါဝင်‌နေသောကြောင့် တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို စစ်လက်နက်နှင့် နည်းပညာအကူအညီပေးမှုများ ရပ်တန့်ရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

တရုတ်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ လေ့ကျင့်သင်ကြားမှုများနှင့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများ လွှဲပြောင်းပေးအပ်မှုများ ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က ယနေ့ တောင်းဆိုထုတ်ပြန်သည်။

နိုင်ငံတကာအစိုးရများအနေဖြင့်လည်း China North Industries Co. Ltd( NORINCO)ကုမ္ပဏီအား စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း JFM က အကြံပြုထားသည်။

Public Service Announcement

Public Service Announcement

NORINCO ကုမ္ပဏီကို တရုတ်နိုင်ငံတော်ကောင်စီက အလုံးစုံပိုင်ဆိုင်ပြီးတရုတ်ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းများအရကုမ္ပဏီမှ မြန်မာနိုင်ငံသို့ ပို့ကုန်များသည် တရုတ်အာဏာပိုင်များ၏ ပို့ကုန်ထိန်းချုပ်ရေးခွင့်ပြုချက်ကို ရယူရ၍ JFMက တရုတ်အစိုးရကို တောင်းဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းသည့် ပစ္စည်းများတွင် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ NORINCO ကထုတ်လုပ်သည့် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်များ ပါဝင်ခဲ့ခြင်းဖြစ်သည်။

NORINCO ကုမ္ပဏီသည် စစ်ကောင်စီ၏ ပြည်တွင်း စစ်လက်နက်ထုတ်လုပ်ရေးအပါအဝင် စစ်ကောင်စီအတွက် စစ်လက်နက်များနှင့် နည်းပညာများကို အဓိကပံ့ပိုးပေးနေသည့် ကုမ္ပဏီ ဖြစ်ပြီး၂၀၁၇ တွင် ယင်းကုမ္ပဏီနှင့် စစ်ကောင်စီတို့သည် ကာကွယ်ရေးပစ္စည်းဆိုင်ရာ ရောင်းဝယ်မှုနှင့် ဆက်စပ်နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်ဟု JFM ကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလအစီရင်ခံစာအရ NORINCO၏ ကုမ္ပဏီခွဲ China Wanbao Engineering Corporation သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅-၁၀ မီလီယံတန်ဖိုးရှိ ထုတ်ကုန်များကို စစ်ကောင်စီထံ တိုက်ရိုက်ရောင်းချ ပေးအပ်ခဲ့ကြောင်းဖော်ပြထားသည်။

ထို့အပြင် ၂၀၂၂ က လျှို့ဝှက်ပေါက်ကြားစာတွင် NORINCO ကုမ္ပဏီသည် သင်္ဘောတင်အမြှောက်ပစ် စနစ်တစ်ခု၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်စနစ်နှင့် ဆက်စပ်ဒုံးကျည်များ၊ စစ်လက်နက် ထိန်းချုပ်ရေးစနစ်တစ်ခု၊ ပစ်မှတ်ရှာ ပဲ့ထိန်းစနစ်တစ်ခုနှင့် မြန်မာ့ရေတပ်စစ်သင်္ဘောစီမံကိန်း တစ်ခုအတွက် ဒုံးပျံထိန်းချုပ်ရေးယူနစ်များနှင့် သင်္ဘောတင်လောင်ချာများ နှစ်စုံကို ရောင်းချပေးအပ် လိုက်ကြောင်း အတည်ပြုထားသည်။

၂၀၁၈ နှင့် ၂၀၁၉ နှစ်များအတွင်း NORINCO နည်းပညာရှင်များသည် မကွေးတိုင်းအတွင်းရှိ အမှတ်(၂၀)ကပစ စက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အော်တိုအမြောက်များ၊ ဆက်စပ်ခဲယမ်းများ အပါအဝင် လေယာဉ်ပစ်သေနတ်များ ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီများ ပေးအပ်ခဲ့သည်။ ထို့အတူ ၂၀၂၀မှ ၂၀၂၂ အတွင်း ကုန်တင်ပို့မှုများမှတဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးထံ ရောင်းချပေးအပ်ခဲ့သည်ဟု JFM က ထောက်ပြထားသည်။

NORINCO ကုမ္ပဏီသည် စစ်ကောင်စီအတွက် စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာစာချုပ်များ ချုပ်ဆိုနိုင်အောင် အကျိုးဆောင်ပွဲစားအဖြစ် ဆောင်ရွက်‌ပေးပြီး စစ်‌ကောင်စီအရာရှိများအတွက် တရုတ်နိုင်ငံတွင်း လေ့ကျင့်သင်ကြားမှုများကို စီစဉ်ပေးလေ့ရှိကြောင်း မြန်မာစစ်အုပ်စုနှင့် ယခင်က ဆက်နွှယ်ခဲ့သည့် လူ့စွမ်းအား သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။