Connect with us

Hi, what are you looking for?

သတင်း

KIA ဆုတ်ခွာပြီးနောက် အင်းတော်ကြီးဒေသရှိကချင်လူမျိုးများ စစ်ကောင်စီ နှင့် SNA ရန်ကြောက်၍ ဘေးလွတ်ရာတိမ်းရှောင်

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်အတွင်း ဒေသအချို့မှ ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တပ်များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် ရှမ်းနီတပ်(SNA)က မြို့နယ်အတွင်းရှိ ကချင်လူမျိုးများ ခွဲခြားဆက်ဆံဖိနှိပ်မှုများလုပ်ဆောင်နေ၍ ဘေးလွတ်ရာတိမ်းရှောင်နေကြောင်း ချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဇူလိုင်-၂၄၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်အတွင်း ဒေသအချို့မှ ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တပ်များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် ရှမ်းနီတပ်(SNA)က မြို့နယ်အတွင်းရှိ ကချင်လူမျိုးများ ခွဲခြားဆက်ဆံဖိနှိပ်မှုများလုပ်ဆောင်နေ၍ ဘေးလွတ်ရာတိမ်းရှောင်နေကြောင်း ချင်သတင်းရင်းမြစ်အချို့က ပြောသည်။

နန့်မွန်း၊ မိုင်းနောင်နှင့် မမုံကိုင်ဒေသရှိ ကချင်ဒေသခံများ၏ နေအိမ်ချိတ်ပိတ်ခြင်းများ အပြင် ကချင်လူမျိုးအရပ်သားများကို ဖမ်းဆီးခြင်းများ SNA က လုပ်ဆောင်နေ၍ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“ကားဆိုင်ကယ်ရှိတဲ့သူက ကားဆိုင်ကယ်နဲ့လွတ်ရာပြေးကြတာ။ တချို့ဟာတွေကျတော့လည်း စက်လှေတွေနဲ့ ပြေးကြတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ဒေသခံများ စစ်လှေများဖြင့် တိမ်းရှောင်ရန် ပြင် ဆင် နေမှု ရုပ်သံကိုလည်း သတင်းရင်းမြစ်က ပြသသည်။

Public Service Announcement

Public Service Announcement

Screenshot

စစ်ကောင်စီလက်အောက်ခံစစ်ဆေးရေးဂိတ် အချို့၌ ကချင်လူမျိုးသာမက ကချင်လူမျိုး ဘာသာရေးဆရာများကိုပါ ပစ်မှတ်ထားပြီး တင်းကြပ်စွာ စစ်ဆေးခြင်းများကြောင့် ဒေသခံ ပြည်သူများက စစ်ကောင်စီ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံအခက်အခဲများ စာဖြင့်တင်ပြခဲ့သည်ကိုလည်း တွေ့ရသည်။

အင်းတော်ကြီးဒေသ နန့်မွန်းပြည်သူ့စစ်ဂိတ်နှင့် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရှမ်းနီ တပ်များက ကျူးလွန်ခဲ့သည့် ဖြစ်စဉ်ကိုလည်း စာတွင် ဖော်ပြထားရာ မေလအတွင်းက နမ္မဖြစ်နှစ်ခြင်းအသင်းတော်မှ ကားတွင်တပ်ထားသော နှစ်ခြင်းခရစ်ယာန်သာသနာ့အလံအား ဆွဲဖြုတ်ခြင်း၊ အလံတိုင်အား ရိုက်ချိုးခြင်း၊ နှစ်ခြင်းအသင်းတော်ဟု ရေးကပ်ထားသည့် စတစ်ကာ စာသားအား ဆုတ်ဖြဲဆွဲခွာခြင်း ပြုလုပ်ခဲ့ဟု ဖော်ပြထားသည်။

ထို့ပြင် ယခုဇူလိုင် ၁၅ရက်ကလည်း အသက် ၆၀ ကျော်အရွယ် အမျိုး သားတစ်ဦးကို ကချင်လူမျိုးဖြစ်သည်ဟုဆိုကာ စစ်ကောင်စီလက်အောက် ခံများက ထိုင်ထလုပ်ခိုင်းခဲ့သည့် ဖြစ်စဉ်ကိုလည်း ဖော်ပြထားသည်။

ဇူလိုင် ၂၅ရက်ကလည်း နမ့်မွန်းပြည်သူ့စစ်ဂိတ်တွင် ကတ်သလစ် သီလရှင်တပါးအား ဝတ်ရုံများ ချွတ်ခိုင်း၍ရိုင်းစိုင်းစွာ စစ်ဆေးမေးမြန်းခြင်း၊ ဓာတ်ပုံရိုက်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ ပြည်သူများ စားသုံးရန် ဆန်နှင့်စားသုံးကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရန်ခက်ခဲခြင်းများရှိနေဟုဒေသခံများက စစ်ကောင်စီ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံပေးပို့သည့်စာ၌ဖော်ပြထားသည်။

SNA သည် ဒေသခံလူငယ်များကို လည်း အတင်းအဓမ္မဖမ်းဆီး၍ စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေသည်ဟု ဒေသခံများကပြော သည်။အင်းတော်ကြီးကန်ဘေးပတ်ဝန်းကျင် ရွာအချို့မှ ဒေသခံများ ထွက်ပြေးနေကြရသည်ဟု သတင်းရရှိသည်။

” မိန်းကလေးတွေပါ ဖမ်းနေတာ။ ဘယ်လိုတွေ လုပ်ရမယ်မှန်း သိမနေဘူး။ လူငယ်တွေကို အဓိက ဖမ်းနေတာပါ။ ထွက်ပြေးလာကြလို့ မြို့ပေါ်ရောက်လာကြတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အင်းတော်ကြီးဒေသရှမ်းနီ၊ ကချင် ကြည်ဖြူညီညွတ်ရေး အဖွဲ့က ထုတ်ပြန်သည့် စာတွင်လည်း ဇူလိုင် ၁၉ရက်မှစ၍ အင်းတော်ကြီးဒေသနန့်မွန်းမြို့နှင့် နန့်မွန်းတောင်ထိပ်တွင် ကား၊ ဆိုင်ကယ်၊ခရီးသွား ပြည်သူများအား တားဆီးပိတ်ပင်ထားကြောင်း၊ အထူးသဖြင့် ကချင်ခရီးသည်များအား ပိုမိုတင်းကြပ် ခွဲခြား ဆက်ဆံလျက်ရှိကြောင်းကြားသိရ၍ယင်းလုပ်ရပ်သည် လူမျိုးရေး ပြဿနာကို ဦးတည်စေဟု ဖော်ပြထားသည်။

ပြည်သူများနှင့်ခရီးသွားများအပေါ် အကြမ်းဖက်ပြုမူဆက်ဆံခြင်းမလုပ်ရန် မေတ္တာရပ်ခံထားပြီး မလိုလားအပ်သော လူမျိုးရေး ပြဿနာများဖြစ် လာမည်ကို အထူးစိုးရိမ်ကြောင်းလည်း ထုတ်ပြန်ကာ ကချင်၊ရှမ်းနီ စာပေ နှင့်ယဉ်ကျေးမှု အဖွဲ့တို့သည်လည်းဝိုင်းဝန်း ကာကွယ်ကြရန် နှိုးဆော်ထားသည်။

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် SNA က ထိုးစစ်ဆင်လာ၍ KIAသည် အင်းတော်ကြီးဒေသရှိ ကျေးရွာများဖြစ်သော မိုင်းနောင်နှင့်မမုန်ကိုင်ကျေးရွာများမှ ယခု ဇူလိုင် လလယ်တွင် ဆုတ်ခွာခဲ့ရဟုကချင်သတင်းရင်းမြစ်က ပြောပြသည်။

ရန်သူဘက်က သာလွန်အင်အားကြေငာ့် နှစ်နေရာ ဆုတ်ခွာခဲ့ရဟုလည်း ကချင်သတင်းရင်းမြစ်က ဇူလိုင် ၁၆ရက်က ပြောထားသည်။

https://www.facebook.com/LuduNwayOo/videos/1687593975232042

(စစ်ကောင်စီနှင့် SNA ရန်ကြောက်၍ အင်းတော်ကြီးဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေစဉ်။ ရုပ်သံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။