သတင်း ခင်ဦးနယ် မုံလှရွာတွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် သာသနိကအဆောက်အအုံများပါ ပျက်စီး အဆိုပါ ကျေးရွာနှစ်ရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ တိုက်ခိုက်စစ်ကြောင်းထိုးခံရခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့ပြီးနောက် KURADFက နှစ်ကြိမ်တိုင်တိုင် ပေးပိုခဲ့သော အခင်းမိုးကာများကိုပါ ထပ်မံဖျက်ဆီးမီးရှို့သွားကြောင်း ၎င်းအဖွဲ့က ပြောသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း ဖာပွန်ခရိုင်၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟု KNUတပ်မဟာ(၅) အသိပေး နိုဝင်ဘာ ၂၀ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း စစ်ကောင်စီ၏ ဝါဒဖြန့်ပြဇာတ်တွင်ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းတိုက်ခိုက်သောဇာတ်ဝင်ခန်းများ ထည့်သွင်းကပြ ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း ပခုက္ကူခရိုင်တွင်နှစ်လအတွင်း စစ်ကောင်စီစွန့်လွှတ်သည့် ရဲစခန်း သုံးခုရှိလာ PDFများကမကြာခဏတိုက်ခိုက်လာပြီးနောက်စစ်ကောင်စီတပ်စွန့်လွှတ်လိုက်သည့် ရဲစခန်းများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း KNU သထုံခရိုင်တွင် စစ်ကောင်စီတပ်များ ပြောက်ကျားတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးအား ယနေ့ နေ့လည်ပိုင်း၌မေးမြန်းရာ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ မြေပြင်နှင့် အဆက်အသွယ် မရသေးဟု ဖြေကြားသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း AAနှင့် စစ်ကောင်စီ အလွတ်သဘောအပစ်ရပ်သဘောတူ အပစ်ရပ်ခြင်းအပေါ်သဘောမကျသောပြည်သူတစ်ဦးက"ရခိုင်အိပ်မက်မိုးတိမ်နက်သို့လျှပ်စီးလက်မျှမိုးသာမရွာရေမပါဘဲလေထဲဝဲကာပျောက်ဆုံးမှာကိုမြင်ရောင်မိချေပါတကား"ဟုပြောသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း မုံရွာ – မန္တလေးလမ်း၌ ဆီဘောက်ဆာပါ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းဖြင့်တိုက်ခိုက် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီလက်ချက် ကြောင့် နေအိမ် ၁,၂၀၀ ကျော်မီးလောင်ပျက်စီးပြီး ပြည်သူ ၂၁ဦး အသက်ဆုံးရှုံးခဲ့ရဟု မြို့နယ် (ပအဖ)အသိပေး စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာကို မီးတင်ရှို့ခဲ့မှု အခြေအနေကို ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း တမူးမှ ကလေးမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီ လက်နက်သယ်ယာဥ်တန်းကို ကလေး PDF မိုင်းဆွဲတိုက်ခိုက် မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဟု PDFက ဆိုသည်။ LuduNwayOoနိုဝင်ဘာ 27, 2022
သတင်း ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 27, 2022