Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟု KNUတပ်မဟာ(၅) အသိပေး

နိုဝင်ဘာ ၂၀ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

(KNLA တပ်မဟာ -၅ မှ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - Salween Press)
(KNLA တပ်မဟာ -၅ မှ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - Salween Press)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်စွဲရာနေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၀ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၂၅ရက်က စစ်ကောင်စီ၏ မယ်ဝေ(မဲဝိုင်)တပ်စခန်းအားဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဉီးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၂၃ရက်ကလည်း ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏လယ်တိုးစခန်းအောက်ခြေရှိရေခတ်ဆိပ်၌ ဝင်ရောက်ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ယင်းနေ့၌ပင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထော့မူပလယ်မဲစခန်းနှင့် ဒဲကျူစခန်းတို့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့ပြီး စီ-တာဝါတိုင်(C-Tower Post)ပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၁ရက်မှ နိုဝင်ဘာ ၂၃ရက်အတွင်း ဖလပ်ခိုဒေသအတွင်းရှိ ဒူးကွယ်လူစခန်း၊ ထော့မူပလယ်မဲ နှင့် ဖါးဂေါလိုး ဒေသရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာအဆိုပါ တိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

နိုဝင်ဘာ ၂၀ရက် နံနက်ကလည်း ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ(၃၄၀) စခန်းအားဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှစစ်သမီးတစ်ဉီးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်များကို KNLA ရဲဘော်များက ပြောက်ကျားတိုက်ခိုက်မှုများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook