Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟု KNUတပ်မဟာ(၅) အသိပေး

နိုဝင်ဘာ ၂၀ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

(KNLA တပ်မဟာ -၅ မှ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - Salween Press)
(KNLA တပ်မဟာ -၅ မှ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - Salween Press)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်စွဲရာနေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၀ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၂၅ရက်က စစ်ကောင်စီ၏ မယ်ဝေ(မဲဝိုင်)တပ်စခန်းအားဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဉီးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၂၃ရက်ကလည်း ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏လယ်တိုးစခန်းအောက်ခြေရှိရေခတ်ဆိပ်၌ ဝင်ရောက်ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ယင်းနေ့၌ပင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထော့မူပလယ်မဲစခန်းနှင့် ဒဲကျူစခန်းတို့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့ပြီး စီ-တာဝါတိုင်(C-Tower Post)ပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၁ရက်မှ နိုဝင်ဘာ ၂၃ရက်အတွင်း ဖလပ်ခိုဒေသအတွင်းရှိ ဒူးကွယ်လူစခန်း၊ ထော့မူပလယ်မဲ နှင့် ဖါးဂေါလိုး ဒေသရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာအဆိုပါ တိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

နိုဝင်ဘာ ၂၀ရက် နံနက်ကလည်း ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ(၃၄၀) စခန်းအားဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှစစ်သမီးတစ်ဉီးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်များကို KNLA ရဲဘော်များက ပြောက်ကျားတိုက်ခိုက်မှုများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။