Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီး​နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီဆပ်ားအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဥိီးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်စစ်ဒေသ)အဖွဲ့က ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၆ ရက်)မွန်းလွဲ ၁နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်ရှိသော ရွှေဘိုမြို့ဝင်စစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ စစ်သားတစ်ဦး သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက် စစ်ဒေသ)အဖွဲ့က ပြောသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်စစ်ဒေသ) ၏ မြို့ပြစစ်ဆင်ရေးတပ်ဦး ရဲဘော်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသော စစ်သားများက အိမ်စီးကားဖြင့် ရဲဘော်များအား လိုက်လံပစ်ခတ်ခဲ့သော်လည်းတပ်ဦး ရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီး​နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

Facebook