Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်း၌ ဆီဘောက်ဆာပါ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီဘောက်ဆာပါယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်) ည ၇ နာရီခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှ မန္တလေးမြို့သို့သွားသော စစ်ကောင်စီ၏ မိုးကာအုပ်ကားကြီး နှစ်စီးနှင့် ဆီဘောက်ဆာကား တစ်စီးပါယာဥ်တန်းအား ဂွေးပင်တောရွာအနီးအရောက်တွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုယာဥ်တန်းအား ငါးလုံးပါ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ်ကားကြီးတစ်စီးထိပြီး ကားပျက်စီးသွားကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ၂၅ ရက်နကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းနှင့်မုံရွာတို့မှထွက်လာသည့် စစ်ကောင်စီယာဥ်တန်းများကို မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်း လမ်းပိုင်းတစ်လျှောက် ဒေသတွင်း PDFများက မိုင်းများဆက်တိုက်ခွဲကာတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

သတင်း

တိုက်ခိုက်ခံရပြီး​နောက် စစ်တပ်က လက်နက်ကြီးအ​သေးများဖြင့်ပြန်ပစ်ခတ်ကာ ၊အနီးဝန်ကျင်း​ကျေးရွာများကို စစ်​ကြောင်းထိုး

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။