Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်း၌ ဆီဘောက်ဆာပါ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီဘောက်ဆာပါယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်) ည ၇ နာရီခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှ မန္တလေးမြို့သို့သွားသော စစ်ကောင်စီ၏ မိုးကာအုပ်ကားကြီး နှစ်စီးနှင့် ဆီဘောက်ဆာကား တစ်စီးပါယာဥ်တန်းအား ဂွေးပင်တောရွာအနီးအရောက်တွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုယာဥ်တန်းအား ငါးလုံးပါ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ်ကားကြီးတစ်စီးထိပြီး ကားပျက်စီးသွားကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ၂၅ ရက်နကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းနှင့်မုံရွာတို့မှထွက်လာသည့် စစ်ကောင်စီယာဥ်တန်းများကို မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်း လမ်းပိုင်းတစ်လျှောက် ဒေသတွင်း PDFများက မိုင်းများဆက်တိုက်ခွဲကာတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။