သတင်း သစ်ပုတ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၄ဦးသေဆုံးပြီး သေနတ် ၂ လက်ကိုPDFများသိမ်းဆည်းရရှိ စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထားသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ကွတ်ခိုင်နှင့် နမ့်ဖက်ကာအကြား KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း အင်းတော်နယ်မှ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို KIA/PDF တပ်ဖွဲ့များ ပစ်ခတ်ဖမ်းဆီး စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ရေစကြိုတွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။ LuduNwayOoဇူလိုင် 28, 2022
သတင်း ခင်ဦးမြို့နယ် လက်ပံလှကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ်၂၀ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံ ငါးဦးအားသတ်ဖြတ် ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF(ဟွာငိုရမ်) ၂ရက်ဆက်တိုက်ခိုက် ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း လူငယ် ၅ဦးတိုက်ပေါ်မှ ခုန်ချခဲ့ရသည့် ရန်ကုန်မြို့ ၄၄လမ်းဖြစ်စဥ်တွင် စစ်ကောင်စီကို သတင်းပေးခဲ့သူအုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့ဟု ပြောက်ကျားတပ်ဖွဲ့ အသိပေး စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်များကို ဘယ်သောအခါမှမေ့မည်မဟုတ်ဘဲ မလွဲမသွေ သွေးကြွေးဆပ်သွား မည်ဖြစ်ကြောင်းလည်း Inya Urban Forceက ထုတ်ပြန်ခဲ့သည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း စစ်ကိုင်းနှင့်ဝက်လက်ကြား ဧရာဝတီမြစ်ဘေးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူ ယနေ့ (ဇူလိုင်၂၈ ရက်)တွင် တိုက်ပွဲဖြစ်ရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ်( ၃ )ခရိုင်ချင်းဆက်လမ်းအား ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့က သတိပေးထားသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ဝိုင်းမော်အနီးရှိ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်စခန်းကို KIAတိုက်ခိုက် အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း မြဝတီ – ဝေါ်လေလမ်း၌ စစ်ကောင်စီတပ်နယ်မြေရှင်းလင်းစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု VENOM စစ်ကြောင်းထုတ်ပြန်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟုဖော်ပြ ယခု တိုက်ပွဲဖြစ်ပွားရာ မြ၀တီ-ဝေါ်လေလမ်း၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ အကြားလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ LuduNwayOoဇူလိုင် 28, 2022