Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်အနီးရှိ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်စခန်းကို KIAတိုက်ခိုက်

အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။

(လီဆူ ပြည်သူ့စစ်များအား တွေ့ရစဥ်)
(လီဆူ ပြည်သူ့စစ်များအား တွေ့ရစဥ်)

ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီးရှိ ၀ူယန်ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇူလိုင် ၂၈ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေများ ထိခိုက်သေဆုံးရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် ၂နာရီလောက်မှာ တော်တော်တော့ ပစ်ကြတယ်။ ၁နာရီလောက် ကြာမယ်ထင်တယ်။ ဝူယန်က ဝါးရှောင်မရောက်ခင်မှာရှိတာ”ဟု ဒေသခံက ပြောသည်။

အဆိုပါစခန်းတွင်ယခင်က ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်များသာ ရှိပြီး ယမန်နေ့ညက တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိနေရာယူထားသည်ဟု ဆိုသည်။

ထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင် ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“လာပစ်တဲ့သဘောပဲဖြစ်မယ်။ သူတို့က မီးမရှို့သွားဘူး။ နေအိမ်တွေနဲ့နီးလို့လေ အဲဒီစခန်းက။ အဲဒီတကြောလုံးက အားလုံးအိမ်တွေချည်းပဲ”ဟု ကချင်ဒေသခံက ပြောသည်။

အဆိုပါ ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသသည် KIAတပ်မဟာ(၅)၊ တပ်ရင်း (၃)နယ်မြေဖြစ်ပြီး ယခုဇူလိုင် ၁၀ရက်မှစ၍ တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့ သည်။ ယင်းဒေသရှိ KIA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။