Connect with us

Hi, what are you looking for?

သတင်း

ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF(ဟွာငိုရမ်) ၂ရက်ဆက်တိုက်ခိုက်

ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(ရိဒ်ခေါဒါရ်မြို့တစ်နေရာအား တွေ့ရစဥ်)
(ရိဒ်ခေါဒါရ်မြို့တစ်နေရာအား တွေ့ရစဥ်)

မတရားသေဒဏ်စီရင်မှုအပေါ် တုန့်ပြန်ခြင်းဟု အသိပေး

ချင်းပြည်နယ် တွန်းဇံမြို့နယ် ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂ရက် ဆက် တိုက်ခိုက် ခဲ့ကြောင်း ဒေသခံချင်းကာကွယ်ရေးတပ်-CDF (ဟွာငိုရမ်)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၅ရက်နှင့် ၂၆ရက်တို့တွင် မြို့တွင်း စစ်ဆင်ရေးပုံဖော်မှု ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထာသည်။

ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲ ပထမရက်တွင် မိနစ် ၄၀ကြာပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒုတိယရက်တွင် ၂၀မိနစ်ခန့် ကြာမြင့်ခဲ့ သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

CDF (ဟွာငိုရမ်)အနေဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး အခြေအနေကို အတိအကျမသိရသော်လည်း ထိရောက်သည့် စစ်ဆင်ရေးကို ပြုလုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း CDF ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ