Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့်ဝက်လက်ကြား ဧရာဝတီမြစ်ဘေးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

ယနေ့ (ဇူလိုင်၂၈ ရက်)တွင် တိုက်ပွဲဖြစ်ရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ်( ၃ )ခရိုင်ချင်းဆက်လမ်းအား ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့က သတိပေးထားသည်။

(ဝက်လက်မြို့နယ်တစ်နေရာတွင် တွေ့ရသည့် ဒေသတွင်း PDF ရဲဘော်များအား ဇွန်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(ဝက်လက်မြို့နယ်တစ်နေရာတွင် တွေ့ရသည့် ဒေသတွင်း PDF ရဲဘော်များအား ဇွန်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

▪️တိုက်ပွဲအနီး ခရိုင်ချင်းဆက်လမ်းအား အသုံးမပြုရန် တောကြီးမြွေပွေးအဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က RPG​ဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားကြောင်း ဒေသခံများက ပြော သည်။

ယမန်နေ့(ဇူလိုင် ၂၇ရက်) ညနေပိုင်းက ဧရာဝတီမြစ်ကမ်းဘေး စစ်ကိုင်းမြို့နယ်၊ စဥ်ကိုင်ရွာသို့

စစ်ကောင်စီတပ်ဘက်က RPGဖြင့်သုံးချက် ပစ်ခတ်ရာ ထိုရွာရှိ သံဃာတော်တစ်ပါးနှင့် ပြည်သူတစ်ဦး ထိမှန်ကာ ညပိုင်း ၇နာရီခန့်တွင် သံဃာတော်မှာ ပျံလွန်တော်မူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလ​ည်း ထိခိုက်မှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇူလိုင်၂၈ ရက်)တွင် တိုက်ပွဲဖြစ်ရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ်( ၃ )ခရိုင်ချင်းဆက်လမ်းအား ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် တောကြီးမြွေပွေးအဖွဲ့က သတိပေးထားသည်။

ဇူလိုင်၂၆ ရက်ကလည်း မြစ်တစ်ဖက်ရှိဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ရွာတစ်ရွာဖြစ်သော မတ္တရာမြို့နယ်၊ ပျဥ်ကာရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ဒေသတွင်း PDFများက လာရောက်ရှင်းလင်းစဥ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင်၂၇ ရက်တွင်လည်း ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း PDFများ ဆက်လက်တိုက်ပွဲဖြစ်ပွားရာ မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း ဝက်လက်နယ်အခြေစိုက် PDFအဖွဲ့များကပါ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သ​ည်။ ထိုတိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း နယ်ခံများက ပြောသည်။

ညနေပိုင်းတွင် တိုက်ပွဲဖြစ်ရာနယ်နှင့်ဆက်နေသော စစ်ကိုင်းမြို့နယ် စဉ့်ကိုင် တောင်ရွာနှင့် ဝက်လက်မြို့နယ်၊ စဉ့်ကိုင် မြောက်ရွာကြားတွင်အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။