Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ် လက်ပံလှကျေးရွာတွင် စစ်ကောင်စီတပ်က ​နေအိမ်၂၀ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံ ငါးဦးအားသတ်ဖြတ်

ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြ​ည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။

(လက်ပံလှကျေးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြားရေး)
(လက်ပံလှကျေးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြားရေး)

(၉၈)နှစ်အရွယ်အဘွားအို မီးရှို့သတ်ဖြတ်ခံရပြီး ရဲဘော်တစ်ဦးနှင့် စစ်ဘေးရှောင်များအား ထမင်းထုပ်ပို့နေသော လူငယ်တစ်ဦးပါ သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် လက်ပံလှကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်က နေအိမ်၂၀ ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည့်သူရဲဘော်တစ်ဦးနှင့် ဒေသခံပြည်သူလေးဦးအား အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၇ရက်) နံနက် ၆နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သည် လက်ပံလှကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး လမ်းတွင်တွေ့ သည့် အသက်၃၅နှစ်အရွယ် ရဲဘော် အုန်းသီးအား ပစ်ခတ်သတ်ဖြတ်သွား ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းဝင်ရောက်ပြီး နံနက်၈နာရီခွဲ တွင် ကျေးရွာတောင်ပိုင်းရှိ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးခဲ့သည်။

နေအိမ် ၂၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး ထွက်မပြေးနိုင်သော အသက်(၉၈)နှစ် အရွယ် ဒေါ်စီကိုလည်း နေအိမ်အတွင်းမှာပင် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခန့်တွင် လက်ပံလှကျေးရွာမှ ထွက်ခွာသွားကာ အနီးရှိ လောင်းရှည်ကျေးရွာကိုပါ ဝင်ရောက်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် လောင်းရှည်ရွာအနီးတွင် စစ်ဘေးရှောင်များအတွက် ထမင်းထုပ်ပို့ နေသူ အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ဦးနှင့် ဆိတ်ကျောင်းနေသောပြည်သူနှစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“လောင်းရှည်ရွာ အနီးတွင် တစ်မနက်လုံး ဘာမျှမစားရသေးသော စစ်ရှောင်ပြည်သူများ အတွက်ထမင်းထုပ်များ အသွားအပြန်ပို့ပေးနေသော မောင်ဖိုးခွား(အသက်-၁၈နှစ်)ကို လမ်းတွင် မိကာ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရပါတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

လောင်းရှည်ကျေးရွာအတွင်း ဝင်ရောက်နေစဥ် ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ပြီး နေ့လည် ၂နာရီခန့်တွင် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၂၆ရက်ကလည်း ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာရှိ အသက်(၁၃)နှစ် အရွယ် ကလေးတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ကာကွယ်ရေးခေါင်းဆောင်တစ်ဦး လည်း ကျဆုံးခဲ့ရသည်။

ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြ​ည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။