News လှိုင်မြို့နယ်တွင် အရပ်သား ၃၀ ဦးခန့်ကို စစ်ကောင်စီအဖွဲ့က ရိုက်နှက်ဖမ်းဆီး ဖမ်းဆီးခံရသူများမှာ လှိုင် (၇)ရပ်ကွက် သံလမ်း ကျောင်းကုန်း(၁)လမ်း၊ (၂)လမ်းနှင့်(၃)လမ်းအပါအဝင် အောင်ဓမ္မရိပ်သာလမ်း စသည့်တို့မှ အရပ်သားပြည်သူများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ LuduNwayOoနိုဝင်ဘာ 15, 2021
ဗီဒီယို ရန်ကုန်ရှိ ကင်းစခန်းသုံးခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်းသေနိုင်ဟု ထုတ်ပြန် ရန်ကုန်တိုင်း သန်လျင်တံတားအဆင်းရှိ ကင်းစခန်း၊ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်နေရာနှင့် ထန်းတပင် တာဆုံကင်းစခန်း နေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News မီးဖွားပြီးစအမျိုးသမီးကို အကြမ်းဖက်စစ်ကောင်စီတပ်ကအကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ချင်းတစ်မျိုးသားလုံးနှင့်မြန်မာပြည်သူများကိုစော်ကားခြင်းဖြစ်ပြီး တာဝန်ခံရမည် ချင်းပြည်နယ်တီးတိန်မြို့နယ်အပ်လွယ်ကျေးရွာနေထိုင်သော လသားကလေးငယ်၏မိခင်အား အကြမ်းဖက်စစ်အုပ်စုတပ်သားများက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၁:၀၀ နာရီ အချိန်နှင့် ည ၁၂း၀၀ နာရီတို့တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်သွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News တိုင်းမှုးလမ်းကြောင်းရှိလို့ဆိုပြီး စစ်ကောင်စီတပ်တွေ ကော့ကရိတ်အနီးရွာအချို့မှာ တပ်စွဲ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုင်းမှူးခရီးစဉ်ရဲ့ လမ်းကြောင်းလုံခြုံရေးရယူဖို့အတွက် မနေ့ညကတည်းက နယ်မြေခံ KNLA တပ်ဖွဲ့ထံမှာ သတင်းကြိုတင်ပေးပို့ထားပြီဖြစ်တယ်လို့ ဒေသတွင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 15, 2021
News ပြီးခဲ့သည့် တစ်လအတွင်း အရပ်သားပြည်သူများအပေါ် စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခဲ့သည့် ဖြစ်စဉ်မှတ်တမ်းများ NUG ထုတ်ပြန် စစ်ကောင်စီက အကြမ်းဖက်မှုကျူးလွန်ရာဒေသများကိုလည်း ဖော်ပြခဲ့ရာ တိုင်းနှင့် ပြည်နယ် ၁၄ခုမှ မြို့နယ်အများအပြားရှိ ပြည်သူများစွာ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News မုံရွာတွင်တန်ဆောင်မုန်းလပြည့်မှစ၍ ဆိုင်ကယ်တစ်စီးလျှင်အမျိုးသားနှစ်ဦးစီးလျှင်၊အမျိုးသမီးနောက်မှအမျိုးသားစီးလျှင်သေနတ်ဖြစ်ပစ်မည်ဟုစစ်ကောင်စီခြိမ်းခြောက် အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် လာရောက်ပစ်ခတ်နေကြ၍ ယခုလိုအမိန့်ထုတ်ပြန်ကာခြိမ်းခြောက်ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News အရပ်သားကားယောင်ဆောင်ပြီး ကင်းပတ်နေသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးတို့ပါသည့်ကားကို YOS တိုက်ခိုက် တိုက်ခိုက်မှုဖြစ်စဥ်တွင် သေဆုံးသွားသော စစ်ကောင်စီ နှင့် ပျူစောထီး အရေအတွက်ကိုလည်း စုံစမ်းနေသည်ဟု YSO က အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News ပဲခူးတွင် ပြည်သူလေးဦးကို စစ်ကောင်စီက မတရား ဖမ်းဆီး "နှစ်ယောက် အဖမ်ခံထိတယ်။ အတီး(ရိုက်နှက်ခြင်း)လည်း ခံလိုက်ရတယ်"ဟု ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 15, 2021
News စစ်ကောင်စီသတင်းပေးဆိုသောအမျိုးသားတစ်ဦး တိမ်းရှောင်ရာရွာအထိ သေနတ်ဖြင့်လိုက်ပစ်ခံရ နိုဝင်ဘာလ ၇ ရက်နေ့က ဟင်္သာမကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသတ်ဖြတ်ခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်တပ်က အဆိုပါရွာအား ဝင်ရောက်ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 14, 2021
News ရွှေပြည်သာ (၄)ရပ်ကွက်ရာအိမ်မှူးကို စစ်ကောင်စီတပ်က မှားယွင်းပစ်သတ် "ဆိုင်ကယ်ရပ် မပေးလို့ သုံးချက်လောက်ပစ် သံကြားရတာ။ပထမတော့ ခြိမ်းခြောက်ပစ်တာလို့ပဲသိတာ။နောက်မှ လူသေတယ်။သေတဲ့သူကလည်း ရာအိမ်မှူးတင်မောင်သန်းဖြစ်နေတာ"ဟု အမှတ် ၄ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 14, 2021