Connect with us

Hi, what are you looking for?

LuduNwayOo

News

မထောဒေသတိုက်ပွဲ၌ တပ်ရင်းမှူးအပါအဝင်စစ်ကောင်စီတပ်မှ ၃၀ခန့်သေဟု KNU တပ်မဟာ(၅) ထုတ်ပြန်

မထောက်ဒေသ၌ နိုဝင်ဘာ ၁၂ရက် တွင်တိုက်ပွဲ ဆက် လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူးအပါအဝင် ၁၄ဦးသေဆုံးပြီး ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် မထောကျေးရွာ တွင် တိုက်ပွဲ ၂ရက်ဆက် ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၂၈ဦးသေဆုံးပြီး ၅၄ဦး ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ၎င်း၏ လက်ပါး စေ BGF တပ်များက KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်း နယ်မြေ ထိန်းချုပ်စိုးမိုးရန်အင်အားဖြည့်တင်းလာ၍ နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်တွင် မထောဒေသ၌ ရက်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၁ရက်တွင် မထောကျေးရွာအုပ်စု တောင်သုံးလုံးဒေသအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တစ်ရက်အတွင်း ရင်ဆိုင်တိုက်ပွဲကြီး ၅ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၄ဦး သေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

မထောက်ဒေသ၌ နိုဝင်ဘာ ၁၂ရက် တွင်တိုက်ပွဲ ဆက် လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူးအပါအဝင် ၁၄ဦးသေဆုံးပြီး ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၂ရက်တွင် KNU တပ်မဟာ(၅)နယ်မြေ၏ အခြားဒေသများ၌လည်း စစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဘောကျိုထာ့ ဒေသ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အကြမ်း ဖက် စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် ခေါပုတ်ဒေသ၌ ရိက္ခာ သယ်ယူပို့ဆောင်နေသည့် မြင်းလားတပ်အား တိုက်ခိုက်ရာမြင်း ၆ကောင်သေဆုံးပြီး ၂ကောင်ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ယခုနိုဝင်ဘာလအတွင်း KNU တပ်မဟာ(၅)၊ တပ်မဟာ (၁)နှင့် တပ်မဟာ(၂)နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။ အဆိုပါ တပ်မဟာ သုံးခုနယ်မြေတွင် တိုက်ပွဲ ၉၀ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။