Connect with us

Hi, what are you looking for?

News

KIAက စခန်းတစ်ခုသိမ်းပြီးနောက် စစ်ကောင်စီတပ်က ညပိုင်းတွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်

“ကျန်တဲ့ ၂ခုကတော့ သိမ်းလို့မရဘူး။ မနေ့ကတော့ သူတို့ လေကြောင်းနဲ့ ပစ်ကူတာရှိတယ်။ဒီနေ့ကတော့ အဲဒီဘက် ပြန်ငြိမ်သွားပါတယ်”ဟု ၎င်းက ​ပြောသည်။

People's Spring
People's Spring

ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယမန်နေ့နံနက်ပိုင်းက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် ညပိုင်း၌ KIA တပ်စခန်းတစ်ခုအား လေကြောင်းမှ ထပ်မံလာရောက်ပစ် ခတ်ခဲ့ကြောင်း ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက PSသို့ ပြောသည်။

နိုဝင်ဘာ ၁၄ရက် နံနက်က ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIAက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ကျန်တဲ့ ၂ခုကတော့ သိမ်းလို့မရဘူး။ မနေ့ကတော့ သူတို့ လေကြောင်းနဲ့ ပစ်ကူတာရှိတယ်။ဒီနေ့ကတော့ အဲဒီဘက် ပြန်ငြိမ်သွားပါတယ်”ဟု ၎င်းက ​ပြောသည်။

ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် မိုးညှင်းမြို့နယ်အတွင်းရှိKIA တပ်ရင်း(၃၅)နယ်မြေသို့ လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိကို အဆက်အသွယ်မရသေးကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့် မတ်လမှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပြီး စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ အချို့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး မိုးမောက်နယ်ရှိ အလော့ဘွမ် အပါအဝင် အချို့တပ်စခန်းကို KIA တပ်ဖွဲ့ဝင်များ နေရာယူထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။