Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်မှဆင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နိုင်၍ ပြည်သူများ​ဘေးလွတ်ရာကြိုတင်​ပြောင်းရွှေ့​ရေးပြင်ဆင်ကြရန် ​ယောPDFသတိ​ပေး

“ဒီနေ့ စစ်ရေးထိတွေ့မှုတွေရှိနိုင်ပါတယ်။ ပြည်သူ့ကာကွယ်အဖွဲ့အားလုံး၊ ပြည်သူ့ကာကွယ်ရေးတပ်သားအားလုံး ဘေးကင်းကင်းနဲ့ အောင်ပွဲဆင်နိုင်ကြပါစေ”ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

People's Spring
People's Spring

ချင်းပြည်နယ်ဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် စစ်ရေးထိတွေ့မှုရှိနိုင်သေး​သောကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ပြင်ဆင်ထားရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၁၆ ရက်)တွင် ထုတ်ပြန်သည်။

“ဒီနေ့ စစ်ရေးထိတွေ့မှုတွေရှိနိုင်ပါတယ်။ ပြည်သူ့ကာကွယ်အဖွဲ့အားလုံး၊ ပြည်သူ့ကာကွယ်ရေးတပ်သားအားလုံး ဘေးကင်းကင်းနဲ့ အောင်ပွဲဆင်နိုင်ကြပါစေ”ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

အလားတူ မိဘပြည်သူများအနေဖြင့်လည်း အကောင်းဆုံးကျော်ဖြတ်ပြီး စစ်ပွဲအနီးကပ်လာပါက ​​​ခေတ္တခဏ ဘေးလွတ်ရာကိုရွှေ့နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းသည်။

“ချင်းဘက်နေ မကွေးကို ပြန်ဆင်းလာတဲ့ စစ်ကြောင်းက ကျွန်တော်တို့ဘက်ကို စစ်ကြောင်းထိုးမယ်လို့ ကြိုသိထားရတယ်။ဒါကြောင့် ပြည်သူလူထုအနေနဲ့ လူသားဒိုင်းမဖြစ်အောင်ရယ်။ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လွတ်လပ်စွာလှုပ်ရှားနိုင်အောင် ကြိုသတိပေးတာပါ”ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆော-ကျောက်ထုလမ်းပိုင်း၊ ကျောက်ထု-ထီးလင်းအစပ်နှင့် ဆော-လောင်းရှည်လမ်းပိုင်းများကို ယခုရက်ပိုင်းအတွင်း ပြည်သူလူထုအနေဖြင့် အသုံးမပြုရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်ရေးအ တွက် ဂန့်ဂေါခရိုင်(ယောဒေသ)အတွင်းရှိ People’s Defence Force – Gangaw ၊ People’s Defence Force – Htilin ၊People’s defence Force – Saw Township၊ Kyaukhtu Regional People Defence Force နှင့် Laung She Regional People’s Defence Force စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အတူတကွပူးပေါင်းဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။