Connect with us

Hi, what are you looking for?

News

KNUနှင့် စစ်ကောင်စီတပ် ၁၁ရက်အတွင်း တိုက်ပွဲ၉၀ ဖြစ်၊ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၈၅ဦးသေ

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF)တို့ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် KNU လက်အောက်ခံ တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့နှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲသည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတွင် နိုဝင်ဘာ ၁ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲအကြိမ်​ရေ ၉၀ ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၅ဦးသေဆုံးကာ ၆၁ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊တပ်မဟာ(၂) နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တို့အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF)တို့ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် KNU လက်အောက်ခံ တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့နှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲသည်ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်တို့သည် ရွာများအတွင်း လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းလုပ်ဆောင်ခဲ့၍ နေအိမ်များ ပျက်စီးခဲ့ပြီး ဒေသခံများ ထိတ်လန့်နေရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။