Connect with us

Hi, what are you looking for?

News

ထောင်ဒဏ် ၁၁ နှစ်ချထားတဲ့အမေရိကန်သတင်းထောက် ကို စစ်ကောင်စီပြန်လွှတ်ပေး

ဒန်နီဖန်စတာကို အများပြည်သူမငြိမ်မသက်ဖြစ်စေဖို့လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ဗီဇာစည်းကမ်းမလိုက်နာမှု လဝက ဥပဒေပုဒ်မ ၁၃ (၁) တို့ နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး နိုဝင်ဘာလ ၁၂ ရက်က ထောင်ချခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ် ၁၁ နှစ်ချလိုက်တဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို ဒီနေ့မှာပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။

ဒီနေ့ ပြန်လွှတ်ပေးပြီး ရန်ကုန်ကနေ ထွက်ခွာမယ့်လေယာဉ်ပေါ် စစ်ကောင်စီကတင်ပေးလိုက်တယ်လို့သိရပါတယ်။

ဒန်နီဖန်စတာကို အများပြည်သူမငြိမ်မသက်ဖြစ်စေဖို့လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ၊ ဗီဇာစည်းကမ်းမလိုက်နာမှု လဝက ဥပဒေပုဒ်မ ၁၃ (၁) တို့ နဲ့ စစ်ကောင်စီက တရားစွဲဆိုပြီး နိုဝင်ဘာလ ၁၂ ရက်က ထောင်ချခဲ့တာပါ။

ဒီနေ့ အမိန့်ချရာမှာ ပုဒ်မ ၅၀၅ (က) အတွက် ထောင် ၃ နှစ် ၊ ပုဒ်မ ၁၇(၁) အတွက် ထောင် ၃ နှစ်နဲ့ လဝက ဥပဒေပုဒ်မ ၁၃ (၁) အတွက် ထောင် ၅ နှစ်နဲ့ ငွေဒဏ် ၁ သိန်း စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချလိုက်တာ လို့ Frontier Myanmar သတင်းဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒန်နီဖန်စတာဟာရန်ကုန်အခြေစိုက် သတင်းမီဒီယာ Frontier Myanmar ရဲ့ အုပ်ချုပ်မှုအယ်ဒီတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ အတွင်း အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်မှာရှိတဲ့ မိသားစုဆီပြန်ဖို့အတွက် ရန်ကုန်လေဆိပ်မှာ ရောက်ရှိချိန် စစ်ကောင်စီ က ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။