သတင်း ရေစကြိုရေလယ်ကျွန်းတွင် စစ်အုပ်စုအထိုင်စခန်းအား မဟာမိတ်တပ်များဝင်တိုက်ရာ စစ်ကြောင်းမှူး အပါအဝင် ၂၀ခန့်သေဟုဆို မဟာမိတ်တပ်ဖွဲ့များဘက်က ပြည်သူ့ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းအဖွဲ့များက အသိပေးသည်။ LuduNwayOoဩဂုတ် 26, 2022
သတင်း ပခုက္ကူမြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံတာဝန်ခံဗိုလ်မှူးအိမ်ကို PDFများတိုက်ခိုက်၊ဗိုလ်မှူးဒဏ်ရာအပြင်းအထန်ရပြီးဗိုလ်မှုးကတော်သေဆုံး "သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်" ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဩဂုတ် 26, 2022
သတင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် တွံတေးမြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 26, 2022
သတင်း ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ စစ်အင်အားများချကာ ပစ်ခတ်၍ ပြည်သူအချို့ အသက်ဆုံးရှုံးရ ကုန်းစည်းရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာသို့ ဝက်စာကျွေးပြန်လာသည့် ပြည်သူအချို့နှင့် ရွာထဲ ပိတ်မိနေသည့် ပြည်သူအချို့ကို ဖမ်းဆီးထားသည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း မြိုင် – ပခုက္ကူလမ်းတွင် မြိုင်(ပ.က.ဖ)အဖွဲ့ စစ်ဆေးစဥ် ပြန်လည်တိုက်ခိုက်ထွက်ပြေးသည့် ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ပါဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု မြိုင်(ပ.က.ဖ)က အသိပေးသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ဗန်းမောက်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိ ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟုဒေသခံများပြော ယနေ့နံနက် ၁၀ နာရီခွဲတွင် ရေးမြို့အဝင်နားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သောတံတားကြီးစစ်ဆေးရေးဂိတ်အားရေးဘီလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ကလေးမြို့ သံဖိုရွာကို ချီတက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တစ်ဦးသေ “အခုတော့ ရွာထဲမှ တယောက်မှ မရှိတော့ဘူး။ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ မပတ်ထုနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ပုလောကုန်းရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကာ မိနစ် ၃၀ခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်ကြောင်းလည်း သိရသည်။ LuduNwayOoဩဂုတ် 25, 2022
သတင်း ထီးလင်းမြို့နယ်တွင် YDF တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။ LuduNwayOoဩဂုတ် 24, 2022