Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် တွံတေးမြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် တွံတေးမြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် တွံတေးမြို့ မီးသတ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့တွင် စစ်ကောင်စီဝင်များ တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား ယနေ့ (သြဂုတ် ၂၅) နံနက်အစောပိုင်းက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) က ထုတ်ပြန်သည်။

ယနေ့ နံနက် ၄နာရီကျော်တွင် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ရှိ စစ်ရေးပစ်မှတ်ဖြစ်သော စစ်ကောင်စီဝင် ၂၀ဦးခန့် တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား M-16 ရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှေ့ထွက်မိုင်းတစ်လုံးဖြင့် အနီးကပ် ထပ်မံဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ ‘နန်းထိုက်အောင်’ မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည်ဖော်မှု ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဥ်အပြီး၌ တွံတေး-ဒလ လမ်းဆုံနှင့် ဒလဆိပ်ကမ်း တံတားပေါ်တို့တွင် စစ်ကောင်စီ ဝင် အများအပြား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

” မနက်က မီးသတ်ရုံး ရှေ့မှာ တပ်စွဲထားတဲ့ စစ်သားတွေ အပစ်ခံရတယ်လို့ သိရတယ်။ မနက် အစောကြီး ဖြစ်သွားတာ ဆိုတော့ သေချာတော့ မသိလိုက်ပါဘူး။ ဒီနေ့ တစ်နေ့လုံးတော့ တွံတေးမှာ စစ်ကားတွေ အများကြီး တစ်မြို့လုံးနီးပါး ပတ်နေပါတယ် “ဟု တွံတေးမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ၆ )အခြေပြု S.O.F Squad – 3 (THIRD SQUAD) မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးမှတ်တမ်းနှင့် ​အချက်အလက်များအားလုံခြုံရေး အခြေအနေအရ အလျင်းသင့်သလို ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ကြောင်းလည်း အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook