Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ အခြေစိုက် ခမရ(၄၂၂)တပ်၏ ကင်းပုန်းနေရာနှစ်ခုကို PDF တိုက်ခိုက်

ထိုနေ့ နေ့လည် ၃နာရီခန့်တွင်လည်း စစ်ကောင်စီစစ်ကြောင်းကို MBPDF B-01၊ KNDF B-03၊ URF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ စနိုက်ပါ ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ စနိုက်ပါ ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)

စစ်ကောင်စီတပ်၏ မိုးဗြဲမြို့ အခြေစိုက် ခမရ(၄၂၂)တပ်၏ ကင်းပုန်းနေရာ နှစ်ခုကို စနိုက်ပါအဖွဲ့မှ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအနည်းဆုံး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ယနေ့(သြဂုတ် ၂၆ ရက်) ထုတ်ပြန်သည်။

MBPDF B-01 စနိုက်ပါအဖွဲ့က ယမန်နေ့(သြဂုတ် ၂၅ ရက်) နေ့လည် ၁ နာရီ ၁၅မိနစ်ခန့်တွင် ခမရ (၄၂၂) ကင်းပုန်း နှစ်နေရာကို သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ထို့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများမှာ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုနေ့ နေ့လည် ၃နာရီခန့်တွင်လည်း စစ်ကောင်စီစစ်ကြောင်းကို MBPDF B-01၊ KNDF B-03၊ URF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ထိခိုက်မှုကို MBPDF က အတည်မပြုနိုင်သေးပေ။

“မနေ့က နေ့လည် ၂ နာရီကျော်လောက်ထိ လက်နက်ကြီးသံတွေ မြို့တွင်းထဲကနေအထိကြားရတာ။မြို့ထဲကသူတွေ ထိခိုက်တာတော့ မရှိခဲ့ဘူး”ဟု မိုးဗြဲမြို့နေပြည်သူတစ်ဦးက People’s Springသို့ ပြောသည်။

ယမန်နေ့က ထိတွေ့တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့