Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့ အခြေစိုက် ခမရ(၄၂၂)တပ်၏ ကင်းပုန်းနေရာနှစ်ခုကို PDF တိုက်ခိုက်

ထိုနေ့ နေ့လည် ၃နာရီခန့်တွင်လည်း စစ်ကောင်စီစစ်ကြောင်းကို MBPDF B-01၊ KNDF B-03၊ URF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ စနိုက်ပါ ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ စနိုက်ပါ ရဲဘော်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)

စစ်ကောင်စီတပ်၏ မိုးဗြဲမြို့ အခြေစိုက် ခမရ(၄၂၂)တပ်၏ ကင်းပုန်းနေရာ နှစ်ခုကို စနိုက်ပါအဖွဲ့မှ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအနည်းဆုံး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ယနေ့(သြဂုတ် ၂၆ ရက်) ထုတ်ပြန်သည်။

MBPDF B-01 စနိုက်ပါအဖွဲ့က ယမန်နေ့(သြဂုတ် ၂၅ ရက်) နေ့လည် ၁ နာရီ ၁၅မိနစ်ခန့်တွင် ခမရ (၄၂၂) ကင်းပုန်း နှစ်နေရာကို သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ထို့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများမှာ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုနေ့ နေ့လည် ၃နာရီခန့်တွင်လည်း စစ်ကောင်စီစစ်ကြောင်းကို MBPDF B-01၊ KNDF B-03၊ URF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ထိခိုက်မှုကို MBPDF က အတည်မပြုနိုင်သေးပေ။

“မနေ့က နေ့လည် ၂ နာရီကျော်လောက်ထိ လက်နက်ကြီးသံတွေ မြို့တွင်းထဲကနေအထိကြားရတာ။မြို့ထဲကသူတွေ ထိခိုက်တာတော့ မရှိခဲ့ဘူး”ဟု မိုးဗြဲမြို့နေပြည်သူတစ်ဦးက People’s Springသို့ ပြောသည်။

ယမန်နေ့က ထိတွေ့တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။