Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိ

ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။

(တိုက်ပွဲထွက်ရန်ပြင်ဆင်နေကြသော ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Banmauk Revolution(BR))
(တိုက်ပွဲထွက်ရန်ပြင်ဆင်နေကြသော ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Banmauk Revolution(BR))

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့သည်ဟု Banmauk Revolution(BR)က ဖော်ပြသည်။

ဩဂုတ် ၂၄ရက်ရက်တွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဗန်းမောက်နှင့် နားယကာရွာ အကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယနေ့ ညနေပိုင်းတွင် ဗန်းမောက်မြို့ အထက်တန်းကျောင်းရှိ ဘောလုံးကွင်းသို့ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် တစ်စီးဆင်းလာကြောင်း၊ အဝတ်ဖြူအုပ်ထားသည့် အလောင်းလေးလောင်းကို ယင်းရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားသည်ကို မျက်မြင်သက်သေများက ပြောကြားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် အောက်ခြေစစ်သည်များ သေဆုံးပါက အလောင်းကိုဖြစ်သလို လုပ်ဆောင်လေ့ရှိ၍ ယခု ရဟတ်ယာဉ်ဖြင့် လာသယ်သည့် အလောင်းသည် အရာရှိဖြစ်နိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook