News စစ်ကောင်စီတပ်ကို နေရာလေးခု၌ တိုက်ခိုက်ရာ သေဆုံးမှုများဟု ဗိုလ်နဂါးပြော "မိုင်းတွေ မိတာက နှစ်ဖက်ညှပ်ပြီးထောင်ထားတဲ့မိုင်းတွေမိတာ။ တော်တော်လေး သေလောက်တယ်"ဟု ဗိုလ်နဂါးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 31, 2021
News မြောက်ဥက္ကလာပမြို့မရဲစခန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီလက်ပါးစေရဲများက ရမ်းသမ်းပစ်ခတ် "စခန်းကိုလာဆော်သွားတာ အုန်းခနဲပဲ"ဟု အဆို ပါ ရဲစခန်းအနီးရောက်ရှိနေသည့် ပြည်သူတစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 31, 2021
News ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ အနည်းဆုံးနှစ်ဦးသေဟု ဗိုလ်ပုလဲပြော "ယာဥ်မောင်းဘက်ခြမ်းကို တော်တော်ထိသွားတယ်။ခေါင်းခန်းက လူတွေတော့ သေဖို့များတယ်။ နောက်ခန်းမှာ စစ်သားတွေပါရင်တော့ ပိုပြီးထိခိုက်မယ်လို့ ခန့်မှန်းတယ်"ဟု ဗိုလ်ပုလဲက ပြောသည်။ LuduNwayOoဒီဇင်ဘာ 31, 2021
News ပုလဲနယ်တွင် နောက်ကြောင်းပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအနည်းဆုံး ၁၃ဦးသေဟု ဗိုလ်နဂါးပြော “လက်နက်ကြီးထိလို့ ကျတာလား၊ ပြေးရင်းနဲ့ လမ်းပျောက်နေတာလား မသိရသေးဘူး။ အဆက်အသွယ်ကလည်း အဲဒီနေရာတွေက ဖုန်းလိုင်းမရဘူး။ မနက်တော့ ပြန်တွေ့ပါစေပဲ ဆုတောင်းရမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။ LuduNwayOoဒီဇင်ဘာ 30, 2021
News ကားနှစ်စီးဖြင့် စစ်ရေးလှုပ်ရှားလာ၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှသေဆုံးမှုရှိဟု KIA ထုတ်ပြန် စစ်ကောင်စီမှ ခြေလျင်ဖြင့် ထပ်မံစစ်ရေးလှုပ်ရှား တိုးချဲ့ဝင်လာပြီး ယနေ့ (ဒီဇင်ဘာ၃၀) နံနက်တွင် ဆွမ်ပရာဘွမ် တွင် တပ်စွဲနေရာချထားကြောင်း၊ စစ်ကောင်စီဘက်မှ ၎င်းနေရာသို့ စစ်ရေးလှုပ်ရှားမှု ဆက်တိုက် ပြုလုပ်နေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။ LuduNwayOoဒီဇင်ဘာ 30, 2021
News စစ်ယာဉ်တန်းကို ပူတာအိုPDF တိုက်ခိုက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ဟု ထုတ်ပြန် စစ်ကောင်စီတပ်မှ အင်အး ၆၀ခန့်သည် ကုန်ကား၊စစ်ကား များဖြင့် ပူတာအို သို့စစ်အင်အားဖြည့်ရန် တက်လာကြောင်း သတင်းကြိုရ၍ PDF တပ်ဖွဲ့ဝင်များက အင်ဆိုင်းယာန်ရွာအနီး တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 30, 2021
News ကလေး PDFပါဝင်သည့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်၍ ယနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် သေဆုံးနိုင်ဟု ထုတ်ပြန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ချောင်းခွ၊ ဟားခါးလေးရွာများအတွင်း နေအိမ်များကို မီးရှို့ဖျက်စီးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဒီဇင်ဘာ 29, 2021
News စစ်လေယာဥ်ဖြင့် ပြည်သူများကိုပါ ဗုံးကြဲ၊တိုက်ခိုက်နေသော စစ်လေယာဥ်မှူးများနှင့် မိသားစုများကို လူမှုရေးပစ်ဒဏ်ခတ်ရန်လှုပ်ရှားမှု စတင်ပြုလုပ်လာ ထိုစာရင်းကို တပ်တွင်းသတင်းများစုစည်းနေသည့် အဖွဲ့တစ်ခုဖြစ်သည့် Operation Spitfireက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတိုထဲတွင် ဗိုလ်အဆင့်မှ ဗိုလ်မှူးအဆင့်ထိ စစ်ကောင်စီ၏ ပိုင်းလော့အရာရှိ ၅၀ ပါဝင်သည်။ LuduNwayOoဒီဇင်ဘာ 28, 2021
News စစ်ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်းတော်ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနိုင်ပြီး ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ကာ အင်းတော်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု ထီးချိုင့် PDFက ထုတ်ပြန်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 28, 2021
News ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ ခုနစ်ဦးသေဟု ဗိုလ်ဂျပန်ပြော "ကျောဘက်ကနေ စစ်တပ်ယာဥ်တန်း ၅၀ လောက်ဆင်းလာတယ်။ ဒီမတိုင်ခင်ကတည်းက သူတို့အင်အား ဖြည့်မယ်ဆိုတာ ကြိုသတင်းရတယ်။ဒါကြောင့် ကြားဖြတ်တိုက်တယ်။ မိုင်းဆွဲတယ်။ပြီးတော့ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်"ဟု ဗိုလ်ဂျပန်က ပြောသည်။ LuduNwayOoဒီဇင်ဘာ 27, 2021