Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU တပ်မဟာ(၁)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ၊ သုံးရက်အတွင်း စစ်ကောင်စီ တပ်သား ၉ဦးကျော်သေဆုံး၊ ၂၀ခန့်ဒဏ်ရာရ

KNU သထုံခရိုင်က ဒီဇင်ဘာ ၂၉ရက်နှင့် ၃၀ရက် တိုက်ပွဲအခြေအနေများကို ယနေ့ထုတ်ပြန်ရာ သထုံမြို့နယ် မောကလိုးကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း၌ ဒီဇင်ဘာ ၂၉ရက်မှ ၃၁ရက် သုံးရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၃ဦးသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ကျော်ရှိ နိုင်ကြောင်း KNU တပ်မဟာ(၁)ထံမှ သိရသည်။

KNU သထုံခရိုင်က ဒီဇင်ဘာ ၂၉ရက်နှင့် ၃၀ရက် တိုက်ပွဲအခြေအနေများကို ယနေ့ထုတ်ပြန်ရာ သထုံမြို့နယ် မောကလိုးကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ယင်းနေ့၌ပင် မင်းလွင်ကျေးနယ်အုပ်စု၊ ဝမ်းဘဲအင်းတောင်ခြေတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ လေးဦးသေ၊ လေးဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၃၀ရက် နံနက်ပိုင်းကလည်း KNU ဘီးလင်းမြို့နယ်၊ နိုဘယ်ဘော ကျေးနယ်အုပ်စု၊ လေးခေါ့ထေ ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ နှစ်ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီဖက်မှ ၉ဦးသေ၊ ၁၂ ဦးဒဏ်ရာရရှိကာ KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

KNU တပ်မဟာ(၁)တာဝန်ရှိသူ၏ ပြောကြားချက်အရ ဒီဇင်ဘာ ၃၁ရက် တိုက်ပွဲဖြစ်စဉ်များ၌လည်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။ သထုံမြို့နယ် ထုံးဘိုလေးဒေသ၌ စစ်ကောင်စီ တပ်မိုင်းဆွဲခံရ၍ စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရမှုမျး ရှိခဲ့ကြောင်း၎င်းက ပြောသည်။
“အဲဒီ ဝီယော်နဲ့ ထုံးဘိုလေးအကြားက ကျတော့ ဖြစ်ပြီးတာနဲ့ ဝီယော်ရွာထဲကို ပြန်ဝင်တော့ အဲဒီမှာ အထမ်း ၇ထမ်း ပါသွားတယ်တဲ့။ ထိခိုက်ကျဆုံးတဲ့ဟာတွေထမ်းပြီး ပြန်ယူသွာ ဖြစ်မှာပေါ့”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားမှုများဆက်လက်ပြုလုပ်လာပါက တိုက်ပွဲဖြစ်ပွားမှုများ ခုခံတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။