Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ၊ သုံးရက်အတွင်း စစ်ကောင်စီ တပ်သား ၉ဦးကျော်သေဆုံး၊ ၂၀ခန့်ဒဏ်ရာရ

KNU သထုံခရိုင်က ဒီဇင်ဘာ ၂၉ရက်နှင့် ၃၀ရက် တိုက်ပွဲအခြေအနေများကို ယနေ့ထုတ်ပြန်ရာ သထုံမြို့နယ် မောကလိုးကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း၌ ဒီဇင်ဘာ ၂၉ရက်မှ ၃၁ရက် သုံးရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၃ဦးသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ကျော်ရှိ နိုင်ကြောင်း KNU တပ်မဟာ(၁)ထံမှ သိရသည်။

KNU သထုံခရိုင်က ဒီဇင်ဘာ ၂၉ရက်နှင့် ၃၀ရက် တိုက်ပွဲအခြေအနေများကို ယနေ့ထုတ်ပြန်ရာ သထုံမြို့နယ် မောကလိုးကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ယင်းနေ့၌ပင် မင်းလွင်ကျေးနယ်အုပ်စု၊ ဝမ်းဘဲအင်းတောင်ခြေတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ လေးဦးသေ၊ လေးဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၃၀ရက် နံနက်ပိုင်းကလည်း KNU ဘီးလင်းမြို့နယ်၊ နိုဘယ်ဘော ကျေးနယ်အုပ်စု၊ လေးခေါ့ထေ ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ နှစ်ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီဖက်မှ ၉ဦးသေ၊ ၁၂ ဦးဒဏ်ရာရရှိကာ KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

KNU တပ်မဟာ(၁)တာဝန်ရှိသူ၏ ပြောကြားချက်အရ ဒီဇင်ဘာ ၃၁ရက် တိုက်ပွဲဖြစ်စဉ်များ၌လည်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။ သထုံမြို့နယ် ထုံးဘိုလေးဒေသ၌ စစ်ကောင်စီ တပ်မိုင်းဆွဲခံရ၍ စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရမှုမျး ရှိခဲ့ကြောင်း၎င်းက ပြောသည်။
“အဲဒီ ဝီယော်နဲ့ ထုံးဘိုလေးအကြားက ကျတော့ ဖြစ်ပြီးတာနဲ့ ဝီယော်ရွာထဲကို ပြန်ဝင်တော့ အဲဒီမှာ အထမ်း ၇ထမ်း ပါသွားတယ်တဲ့။ ထိခိုက်ကျဆုံးတဲ့ဟာတွေထမ်းပြီး ပြန်ယူသွာ ဖြစ်မှာပေါ့”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားမှုများဆက်လက်ပြုလုပ်လာပါက တိုက်ပွဲဖြစ်ပွားမှုများ ခုခံတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ