ပြည်သူလူထုကို စစ်လေယာဉ်ဖြင့် ဗုံးကြဲနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ှ လေတပ်မှ စစ်ဗိုလ်များနှင့် မိသားစုများစုကို ပြည်သူများက လူမူရေးပြစ်ဒဏ်ခတ်မှု (social punishment) များစတင်လုပ်ကိုင်လာပြီဖြစ်သည်။

လူမှုကွန်ရက်များတွင် နိုင်ငံ့ဒေသအများစုတွင် ခုခံတော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုသာမက ပြည်သူလူထုကိုပါ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့သည့် လေယာဥ်မောင်းများဖြစ်သည့် စစ်ကောင်စီလေတပ်မှ ဗိုလ်ကြီးဝေဖြိုးအောင် (လ-၃၇၀၉) ၊ ဗိုလ်ကြီး ရဲထွဍ်နိုင်( လ-၃၈၄၉) ၊ဗိုလ်ကြီး အောင်ကျော်ဇေယျ( လ-၄၀၄၄) ၊ ဗိုလ်ကြီးကျော်ထက်အောင်( လ-၄၁၈၇) နှင့် ဗိုလ်ကြီးသက်ထွန်းအောင်( လ-၃၈၂၅) တို့နှင့် ၎င်းတို့၏ ဖေစ်ဘွခ်အကောင့်၊ မိသားစုများဓါတ်ပုံများကို ဖေစ်ဘွခ်တွင် ဖော်ပြပြီး လူမှုရေးပစ်ဒဏ်( Social Punishment) လုပ်ကြရန်ယနေ့ ( ဒီဇင်ဘာ ၂၈ ရက်) ယနေ့မှစတင် နှိုးဆော်လာကြခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်ပြီး မကြာခင်မှာပင် စစ်ကောင်စီတပ် လေယာဥ်မှူးများ၏ အကောင့်များ ပျက်သွားသည်ကိုတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကိုခုခံတော်လှန်မှု အား ကောင်းနေသည့် ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် စစ်ကောင်စီတပ်များအထိ့နာလာပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မူများ ပိုမိုပြုလုပ်လာပြီး အပြစ်မဲ့ပြည်သူများသေဆုံး၊ဒဏ်ရာရရှိမှု တိုးလာနေသည်။ထိုကြောင့်စစ်အာဏာရှင်အလိုကျ အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် ပိုင်းလော့များနှင့် ၎င်းတို့၏ မိသားစုများကို လူအသိုင်းအဝိုင်းဖယ်ကျဉ်ရန် တိုက်တွန်းလာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အလိုကျ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ မောင်းနှင်၍ ပြည်သူကို ပစ်ခတ် သတ်ဖြတ်နေသာ လေယာဉ်မောင်း( ပိုင်းလော့) စစ်အရာရှိ ၅၀ ဦး၏ ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အမည်နှင့် ရာထူးများကို Operation Spitfire က ထုတ်ပြန်ခဲ့ရာ ဖေစ်ဘွခ်လူမူကွန်ယက်တွင် ဒီဇင်ဘာ ၂၄ ရက်မှ စ၍ ပြန့်နှံလာပြီးနောက် ၎င်းတို့ကို လူထုက လူမှုရေးပြစ်ဒဏ်ခပ်ရန် နှိုးဆော်လာခြင်းဖြစ်သည်။

Public Service Announcement
ထိုစာရင်းကို တပ်တွင်းသတင်းများစုစည်းနေသည့် အဖွဲ့တစ်ခုဖြစ်သည့် Operation Spitfireက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတိုထဲတွင် ဗိုလ်အဆင့်မှ ဗိုလ်မှူးအဆင့်ထိ စစ်ကောင်စီ၏ ပိုင်းလော့အရာရှိ ၅၀ ပါဝင်သည်။

ထိုအပြင် Operation Spitfireက စစ်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ရာတွင် ပါဝင်သော စက်မူလက်မူအရာရှိ စာရင်းများကိုလည်း ဒီဇင်ဘာ ၁၁ ရက်ကထပ်မံထုတ်ပြန်ခဲ့သည်။ထိုထဲတွင် ရေဒါ၊ ရေဒီယို၊ လျှပ်စစ်ချိန်ခွက်၊ အင်ဂျင်ကိုယ်ထည်၊ လက်နက်စည့် အင်ဂျင်နီယာလုပ်ငန်းများကို စစ်ကောင်စီအတွက် လုပ်ကိုင်နေသော လေတပ်မှ အရာရှိ ၂၄၀ ဦးပါဝင်သည်။ အခြားသတင်းတစ်ရပ်တွင် အကြမ်းဖက်စစ်ကောင်စီသည် လေတပ်အတွက် စက်မှုလက်မှု သင်တန်းသားများကို ယခင်က ၁၀ တန်းအောင်များကိုခေါ်ယူရာမှ ယခုအခါ ၆တန်းအောင်ထားသူများကိုပင်ခေါ်ယူနေသည်။ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူများငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုများကို မလိုက်လျောဘဲ တိုက်ပွဲသုံးလက်နက်များဖြင့်စစ်ကောင်စီတပ်များက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်အပေါ် ပြည်သူအများစုက ပုံစံမျိုးစုံဖြင့်သပိတ်မှောက်သဖြင့် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းမှုနှင့် စစ်တက္ကသိုလ်များအတွက်သင်တန်းသားခေါ်ယူမှုများတွင် လျှောက်ထားသူ၊သွားသူမရှိဘဲ စစ်ကောင်စီတပ်အခက်တွေ့နေသည်။ထိုကြောင့် တပ်သားသစ်ရရန် မျိုးစုံဖြေလျှော့နေသည်။

စစ်ကောင်စီတပ်က ကြည်ကြောင်းတိုက်ခိုက်မှုများတွင်အထိ့နာပြီးလေကြောင်းမှ တိုက်ခိုက်ခဲ့သောဒေသများတွင် ဒီမောဆို ၊ဗန်းမောက် ၊ မိုးမောက် ၊မံစီ ၊ဖားကန့် ၊မိုးညှင်း ၊ထန်တလန် ၊ဆော ၊ဂန့်ဂေါ ၊ပင်လည်ဘူး ၊ကျွန်းလှ ၊ကောလင်း၊ဝန်းသို ၊ကနီ၊ဒီပဲယင်း ၊ပုလော ၊ကလေး ၊တန်ဆည် ၊ရေဦး၊လေးကေ့ကော်မြို့သစ်( မြဝတီမြို့နယ်) ၊ပုလဲ မြို့နယ်၊ ကိုးကန့်ဒေသ စသည်တို့ဖြစ်သည်။


















































