Connect with us

Hi, what are you looking for?

News

ကလေး PDFပါဝင်သည့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်၍ ယနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် သေဆုံးနိုင်ဟု ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ချောင်းခွ၊ ဟားခါးလေးရွာများအတွင်း နေအိမ်များကို မီးရှို့ဖျက်စီးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(CNDF)နှင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးခန့် သေဆုံးခဲ့ကြောင်း ကလေး PDFက သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း နတ်‌ချောင်းကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် သည် ယနေ့ ဒီဇင်ဘာ ၂၉ရက် နံနက်မှစ၍ နတ်ချောင်းနှင့် ချောင်းခွရွာမှတစ်ဆင့် ဟားခါးလေးရွာနှင့် ရေစိုရွာများဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသည့် အပေါ် ကြားဖြတ်တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(စစ်​ဘေး​ရှောင်​နေရ​သော ​ဒေသခံများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – The Chin Journal)

ယနေ့နံနက်တွင် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင် ဆက်လက်စစ်ကြောင်းထိုးလာသည့် တပ်ကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် မင်းအောင်လှိုင်လက်ပါးစေအကြမ်းဖက်စစ်သား ​လေးဦးသေဆုံးပြီး၊ မိုင်းခွဲတိုက်ခိုက်မှုအတွင်း၌လည်း မင်းအောင်လှိုင်လက်ပါးစေအကြမ်းဖက်စစ်သား ၁၀ ဦးခန့် ထိမှန်သေဆုံးသွားကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးမှုမရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ချောင်းခွ၊ ဟားခါးလေးရွာများအတွင်း နေအိမ်များကို မီးရှို့ဖျက်စီးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ကလေး- ချင်း နယ်စပ်ရှိ ဟားခါးလေးရွာမှ ဒေသခံ ၁၅ဦးခန့်ကို ဖမ်းဆီးထားကြောင်း၊ စစ်ကောင်စီတပ်များ ဝင်ရောက်လာစဉ် မပြေးနိုင်ဘဲ ရွာ၌ ကျန်နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်အချို့၏ ပြောကြားချက်ကို ကိုးကား၍ The Chin Journal က ဖော်ပြသည်။

စစ်ကောင်စီတပ်သည် နတ်ချောင်းရွာ၌ တပ်စွဲစဉ်ကလည်း ကျေးရွာနေ ပြည်သူများကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ နတ်ချောင်းရွာခံ ၂၀ကျော် သေဆုံးခဲ့ပြီး ကျေးရွာရှိ နေအိမ်၊ကားနှင့်ဆိုင်ကယ်များအပါအဝင် လူထုပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နတ်ချောင်းရွာခံ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook