Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် နောက်ကြောင်းပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအနည်းဆုံး ၁၃ဦးသေဟု ဗိုလ်နဂါးပြော

“လက်နက်ကြီးထိလို့ ကျတာလား၊ ပြေးရင်းနဲ့ လမ်းပျောက်နေတာလား မသိရသေးဘူး။ အဆက်အသွယ်ကလည်း အဲဒီနေရာတွေက ဖုန်းလိုင်းမရဘူး။ မနက်တော့ ပြန်တွေ့ပါစေပဲ ဆုတောင်းရမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

▪️ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်သုံးဦး ပျောက်ဆုံးနေ

ပုလဲမြို့နယ်အတွင်း ဝင်ရောက်ပြီး နောက်ကြောင်းပြန်ဆုတ်လာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ အနည်းဆုံး ၁၃ဦးသေဆုံးကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PPDF)ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

ဒီဇင်ဘာ ၂၉ရက်က ကားအစီးရေ ၄၀ပါ စစ်ကောင်စီတပ်အုပ်စုသည် ပုလဲမြို့နယ် အောက်လယ်သမကျေးရွာ၌ ညအိပ်ပြီး ယနေ့ နံနက်၁၁နာရီအချိန်တွင် အင်အား ၅၀ခန့်ပါ ခြေလျင်စစ်ကြောင်းနှင့် ကားတစ်စီးသည် နောက်ကြောင်းပြန်ဆုတ်လာရာ မိုင်တိုင် (၅၇)နှင့်(၅၈)ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ထောင်ထား သော မိုင်းနင်းမိရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်နဂါးက ပြောသည်။

“မနေ့က ဆင်းလာတဲ့ စစ်ကား ၄၀ကျော် ညအိပ်ကြတာပေါ့။ တစ်စီးက နောက်ကြောင်းပြန်ခေါက်တာ ။ ဒီကောင်တွေက အောက်ဘက်ကို ပြန်တဲ့ ယာဥ်တန်းကိုလိုက်ပို့တဲ့ သဘောပဲ။ ရှစ်ယောက်က ပွဲချင်းပြီးပဲ။ အလောင်းတွေ ကားပေါ်ကောက်တင်ရတာပေါ့”ဟု ဗိုလ်နဂါးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဆက်လက်ထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို ပုံတောင်ကြီး၏ တစ်နေရာအရောက်တွင် တပ်ရင်း(၂)နှင့်(၄)မှ ရဲဘော်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သို့သော် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာစဥ် ၎င်းတို့၏ ရဲဘော်သုံးဦးမှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု ဗိုလ်နဂါးက ဆိုသည်။

“လက်နက်ကြီးထိလို့ ကျတာလား၊ ပြေးရင်းနဲ့ လမ်းပျောက်နေတာလား မသိရသေးဘူး။ အဆက်အသွယ်ကလည်း အဲဒီနေရာတွေက ဖုန်းလိုင်းမရဘူး။ မနက်တော့ ပြန်တွေ့ပါစေပဲ ဆုတောင်းရမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်သည် အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြားကို သုတ်သင်​နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသ​​နေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းက​နေ ဒီ​နေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။

Facebook