ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်များကို ယမန်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူများနိုင်ကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဒီဇင်ဘာ ၃၀ရက်တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၉ရက် ည ၁၂နာရီခန့်တွင် ဆွမ်ပရာဘွမ် မှ တက်လာသော စစ်ကောင်စီတပ်များအား ပူတာအိုဘက်သို့ အဝင်မခံဘဲ ပူတာအိုခရိုင် PDFကတိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ အင်အး ၆၀ခန့်သည် ကုန်ကား၊စစ်ကား များဖြင့် ပူတာအို သို့စစ်အင်အားဖြည့်ရန် တက်လာကြောင်း သတင်းကြိုရ၍ PDF တပ်ဖွဲ့ဝင်များက အင်ဆိုင်းယာန်ရွာအနီး တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်ပြီးအသေအပျောက်စာရင်းအားဆက်လျက်စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
ကချင်ဒေသ အခြေစိုက် The 74 Media က သတင်းတွင် ဆွမ်ပီယန်နှင့် အင်ဆိုင်းယန်ရွာအကြား တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး အလောင်းများပြန်ကောက်သွားကြောင်း ပူတာအို PDF တပ်ဖွဲ့ဝင် တစ်ဦးကို ကိုးကားဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင် PDF တပ်ဖွဲ့ဝင်များ ထိခိုက်မူမရှိကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဆုတ်ခွာခဲ့ကြောင်း ပူတာအိုခရိုင် PDFက ထုတ်ပြန်သည်။


















































