Connect with us

Hi, what are you looking for?

News

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ အနည်းဆုံးနှစ်ဦးသေဟု ဗိုလ်ပုလဲပြော

“ယာဥ်မောင်းဘက်ခြမ်းကို တော်တော်ထိသွားတယ်။ခေါင်းခန်းက လူတွေတော့ သေဖို့များတယ်။ နောက်ခန်းမှာ စစ်သားတွေပါရင်တော့ ပိုပြီးထိခိုက်မယ်လို့ ခန့်မှန်းတယ်”ဟု ဗိုလ်ပုလဲက ပြောသည်။

(မိုင်းထိခဲ့သည့် စစ်ကောင်စီယာဥ်၏ အစိတ်အပိုင်းများအား တွေ့ရစဥ်)

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် အစီးရေ ၄၀ ကျော်ပါရှိသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် ရာ ယာဥ်တစ်စီးပျက်စီးပြီး အနည်းဆုံး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း Pake Joker PDFအဖွဲ့မှ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ ၃၁ ရက်)နံနက် ၁၀ နာရီခွဲခန့်တွင် ပုလဲ-ဂန့်ဂေါလမ်းပိုင်း၏ မင်းတိုင်းပင်ကျေးရွာနှင့် ကန်ဒေါင့် ကျေးရွာကြားတွင် ပဒေသာမိုင်းခြောက်လုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မိုင်းထိခဲ့သည့် စစ်ကောင်စီယာဥ်၏ အစိတ်အပိုင်းများအား တွေ့ရစဥ်)

“ယာဥ်မောင်းဘက်ခြမ်းကို တော်တော်ထိသွားတယ်။ခေါင်းခန်းက လူတွေတော့ သေဖို့များတယ်။ နောက်ခန်းမှာ စစ်သားတွေပါရင်တော့ ပိုပြီးထိခိုက်မယ်လို့ ခန့်မှန်းတယ်”ဟု ဗိုလ်ပုလဲက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် Pake Joker PDF အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နေ့စဥ် ထိတွေ့မှုရှိနေသည်။

(မိုင်းထိခဲ့သည့် စစ်ကောင်စီယာဥ်၏ အစိတ်အပိုင်းများအား တွေ့ရစဥ်)

ထို့ကြောင့် ပုလဲ-ဂန့်ဂေါလမ်းပိုင်းကို ပြည်သူများအနေဖြင့် အသုံးမပြုရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook