Connect with us

Hi, what are you looking for?

News

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ အနည်းဆုံးနှစ်ဦးသေဟု ဗိုလ်ပုလဲပြော

“ယာဥ်မောင်းဘက်ခြမ်းကို တော်တော်ထိသွားတယ်။ခေါင်းခန်းက လူတွေတော့ သေဖို့များတယ်။ နောက်ခန်းမှာ စစ်သားတွေပါရင်တော့ ပိုပြီးထိခိုက်မယ်လို့ ခန့်မှန်းတယ်”ဟု ဗိုလ်ပုလဲက ပြောသည်။

(မိုင်းထိခဲ့သည့် စစ်ကောင်စီယာဥ်၏ အစိတ်အပိုင်းများအား တွေ့ရစဥ်)

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် အစီးရေ ၄၀ ကျော်ပါရှိသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် ရာ ယာဥ်တစ်စီးပျက်စီးပြီး အနည်းဆုံး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း Pake Joker PDFအဖွဲ့မှ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ ၃၁ ရက်)နံနက် ၁၀ နာရီခွဲခန့်တွင် ပုလဲ-ဂန့်ဂေါလမ်းပိုင်း၏ မင်းတိုင်းပင်ကျေးရွာနှင့် ကန်ဒေါင့် ကျေးရွာကြားတွင် ပဒေသာမိုင်းခြောက်လုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မိုင်းထိခဲ့သည့် စစ်ကောင်စီယာဥ်၏ အစိတ်အပိုင်းများအား တွေ့ရစဥ်)

“ယာဥ်မောင်းဘက်ခြမ်းကို တော်တော်ထိသွားတယ်။ခေါင်းခန်းက လူတွေတော့ သေဖို့များတယ်။ နောက်ခန်းမှာ စစ်သားတွေပါရင်တော့ ပိုပြီးထိခိုက်မယ်လို့ ခန့်မှန်းတယ်”ဟု ဗိုလ်ပုလဲက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် Pake Joker PDF အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နေ့စဥ် ထိတွေ့မှုရှိနေသည်။

(မိုင်းထိခဲ့သည့် စစ်ကောင်စီယာဥ်၏ အစိတ်အပိုင်းများအား တွေ့ရစဥ်)

ထို့ကြောင့် ပုလဲ-ဂန့်ဂေါလမ်းပိုင်းကို ပြည်သူများအနေဖြင့် အသုံးမပြုရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။