သတင်း တိုက်ပွဲသတင်းများ အလျင်စလို အွန်လိုင်းပေါ်မတင်ရန် ချင်းတပ် CNA တပ်မှူး တိုက်တွန်း ယခုရက်ပိုင်းအတွင်း၌ ဟားခါးနှင့် ထန်တလန်ကြား၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် CNA ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြထားသည်။ LuduNwayOoအောက်တိုဘာ 15, 2022
သတင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာရရှိသူ ပြည်သူတစ်ဦးကို ကယ်ထုတ်ခဲ့ရဟု မိုးဗြဲ PDF ပြော ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၈ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို အဓိကပစ်မှတ်ထားပစ်ခတ်မှု စတင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 14, 2022
သတင်း အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့ ယနေ့(အောက်တိုဘာ ၁၄ရက်) ကျရောက်သည့် DPNS ပါတီ (၃၄)နှစ်မြောက် ပါတီထူထောင်ခြင်း အထိမ်းအမှတ်သို့ KNUက သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 14, 2022
သတင်း ဗန်းမောက်နယ် နားမော်ရွာအနီးတိုက်ပွဲ ကျဆုံးခဲ့သည့် PDF ရဲဘော်ခြောက်ဦးတွင် အမျိုးသမီးရဲဘော် တစ်ဦးပါဝင် ကျဆုံးသွားသည့် ရဲဘော်များအနက် အမျိုးသမီး PDF ရဲဘော် မသက်သက်ဝင်းပါဝင်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 13, 2022
သတင်း နတ်တလင်းနှင့် တောင်ငူ၌ ယနေ့ တိုက်ပွဲသုံးကြိမ် ဖြစ်ပြီး စစ်ကောင်စီတပ် ၁၂ဦးထက်မနည်းသေဟု ပဲခူးတိုင်း PDF ထုတ်ပြန် ယနေ့ (အောက်တိုဘာ ၁၃ရက်) နံနက်တွင် နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာ နှင့် ကြက်မနက် ရွာကြား၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoအောက်တိုဘာ 13, 2022
သတင်း အဆုံးအဖြတ်တိုက်ပွဲ မလွယ်ကူသော်လည်း တချိန်တည်းရုန်းရမည့်အချိန်ကျပြီဟုယုံကြည်၍ ထိုးစစ်ဆင်ရန် ဆုံးဖြတ်ခဲ့ဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော လာမည့် တစ်နှစ်တာကာလကို တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမည့်နှစ်အဖြစ်ခံယူပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံး ညီညီညာညာ ဟန်ချက်ညီစွာဖြင့် အစွမ်းကုန်ကြိုးစားကြရမည်ဖြစ် ၎င်းက ဆိုသည်။ LuduNwayOoအောက်တိုဘာ 12, 2022
သတင်း တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သုံးဦးသေဟုဆို အပြန်လှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာမြင့်ပြီး နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 12, 2022
သတင်း ဗန်းမောက် နားမော်ရွာအနီးတိုက်ပွဲ စစ်ကိုင်းအထူးတပ်မှ PDF ရဲဘော် ခြောက်ဦး ကျဆုံး ကချင်- စစ်ကိုင်း အစပ်ဒေသများတွင် အောက်တိုဘာ ၄ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 12, 2022
သတင်း ရွှေကူမြို့နယ် မံဝိန်းဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 12, 2022
သတင်း ဗန်းမောက်တိုက်ပွဲ စစ်ကောင်စီအထိနာပြီးဗုံးသီးနှင့်ကျည်များ ရရှိ၊ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် ယနေ့ ထပ်မံ တိုက်ခိုက် ဗန်းမောက်နယ်တွင် အောက်တိုဘာ ၄ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ရဲများကို KIA/PDF ပူးပေါင်း တိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။ LuduNwayOoအောက်တိုဘာ 11, 2022