Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာရရှိသူ ပြည်သူတစ်ဦးကို ကယ်ထုတ်ခဲ့ရဟု မိုးဗြဲ PDF ပြော

ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၈ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို အဓိကပစ်မှတ်ထားပစ်ခတ်မှု စတင်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးကို MBPDFက ဆေးကုသ ပေးနေစဉ်၊ ဓာတ်ပုံ - MPDF)
(စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးကို MBPDFက ဆေးကုသ ပေးနေစဉ်၊ ဓာတ်ပုံ - MPDF)

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာပြည်သူများကို ပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာရရှိသည့် ပြည်သူတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၈ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို အဓိကပစ်မှတ်ထားပစ်ခတ်မှု စတင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဆိုင်ကယ် မောင်းနှင်လာသော ခရီးသွားအမျိုးသား နှစ်ဦးကို စက်တော်ရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမိဒဏ် ရာ(စိုးရိမ်ရ) တစ်ဦးရရှိပြီး ကျန်တစ်ဦးမှာ လွတ်မြောက်ခဲ့သည်။

Public Service Announcement
Public Service Announcement

သို့သော် ဒဏ်ရာရရှိခဲ့သော ပြည်သူတစ်ဦးကို မဟာမိတ်အဖွဲ့များက ပူးပေါင်းကယ်ထုတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများနှင့် ထိတွေ့ပစ်ခတ်မှုရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“စက်တော်ရာတောင်ကို စခတွေက မိုးဗြဲဒုတိယအကြိမ်ထိုးစစ်မှာ စပြီး တပ်စွဲခဲ့တာ။အခုဒီနေ့က စပြီး ပြည်သူတွေကို ပစ်မှတ်လုပ်ပစ်တာ မဟုတ်ဘူး။ဒီလ ၈ ရက်နေ့ကလည်း ပစ်ခတ်တာ ရှိခဲ့တယ်။အဲဒီတုန်းက ကားတစ်စီး မှောက်သွားတယ်။အဓိကတော့ကြောက်ပြီး ပစ်နေတာ”ဟု MBPDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

ထိုသို့သော အခြေအနေများကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲ-ပီကင်းကားလမ်းကို လုံးဝ(လုံးဝ) အသွားအလာ မပြုလုပ်ရန် MBPDFက အထူးသတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။