Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက် နားမော်ရွာအနီးတိုက်ပွဲ စစ်ကိုင်းအထူးတပ်မှ PDF ရဲဘော် ခြောက်ဦး ကျဆုံး

ကချင်- စစ်ကိုင်း အစပ်ဒေသများတွင် အောက်တိုဘာ ၄ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

ဗန်းမောက် နားမော်ရွာအနီးတိုက်ပွဲ စစ်ကိုင်းအထူးတပ်မှ PDF ရဲဘော် ခြောက်ဦး ကျဆုံး
ဗန်းမောက် နားမော်ရွာအနီးတိုက်ပွဲ စစ်ကိုင်းအထူးတပ်မှ PDF ရဲဘော် ခြောက်ဦး ကျဆုံး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် နားမော်ရွာအနီးတိုက်ပွဲ၌ ပြည်သူ့ကာကွယ် ရေးတပ်(PDF) ရဲဘော် ခြောက်ဦး ကျဆုံးခဲ့ရကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော် တစ်ဦးက ပြောသည်။

ကချင်- စစ်ကိုင်း အစပ်ဒေသများတွင် အောက်တိုဘာ ၄ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

“မနေ့တုန်းက ရဲဘော် ခြောက်ဦးပေါ့။ မနေ့ ၁၁ရက်နေ့တုန်းက မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ ဖြစ်တဲ့တိုက်ပွဲမှာ ကျဆုံးတာ။ ကျွန်တော်တို့ အင်းတော် တပ်စိတ်ကမဟုတ်ဘူး။ တခြား စစ်ကိုင်းအထူး တပ်စိပ်က ကျတာပေါ့။ စစ်ကောင်စီဘက်ကလည်း အထိအခိုက် အသေအဆုံးများတယ်”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော် PDF များလည်း ဗန်းမောက်နယ်၌ တိုက်ပွဲဝင်နေကြကြောင်း Indaw Revolution က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“အင်းတော် – ဗန်းမောက်ဆိုတာ စစ်ကိုင်းတိုင်းနဲ့ ကချင်အစပ်ပေါ့။ ပြီးတော့ ကျွန်တော်တို့ဘက်က လမ်းက ကသာဘက်သွားရင်လည်း ရတယ်။ ထီးချိုင့်ဘက်သွားရင်လည်းရတယ်။ ကချင်ပြည်နယ်ဘက်သွားရင်လည်းရတယ်။ အနောက်ဘက်ဆို ဟုမ္မလင်းတို့ဘက်သွားရင်လည်း ရတယ်ဆိုတော့ အရေးတော့ ပါတာပေါ့။ သူတို့က အင်းတော်မြေကို ထိန်းချုပ်ချင်တာ အဓိကတော့။ စစ်ကိုင်းတိုင်းနဲ့ ကချင်အစပ်ဆိုတော့ ဒီဘက်မှာလည်း KIA၊ PDF အဖွဲ့တွေ အားကောင်းတယ်လေ။ အားကောင်းတော့ သူတို့က ထိုးစစ်ဆင်နေတာပေါ့” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ထို့ကြောင့် စစ်ရေးပြင်းထန်နေချိန်ဖြစ်၍ ပြည်သူလူထုများ ပူးပေါင်းပါဝင်ကြရန်၊ စစ်ကောင်စီတပ်များနှင့် ဝေးဝေးရှောင်ရန် ၎င်း ကဆိုသည်။

“သူတို့ကျတော့ စစ်ကြောင်းလာပြီဆိုရင် ပြည်သူတွေကို လူသားဒိုင်းအဖြစ်ခေါ်တယ်။ သူတို့ အထုပ်တွေ ထမ်းခိုင်းတယ်။ အဲဒီလို အနေအထားတွေဆိုတော့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေဖို့ပါပဲ”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

တိုက်ပွဲများ၌ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၄ရက်နှင့် ၆ရက်များ၌ လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Banmauk Revolutionကလည်း နားမော်ရွာအနီး တိုက်ပွဲသတင်းကို ဖော်ပြထားရာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ KIAနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယခင် တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။