Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ် နားမော်ရွာအနီးတိုက်ပွဲ ကျဆုံးခဲ့သည့် PDF ရဲဘော်ခြောက်ဦးတွင် အမျိုးသမီးရဲဘော် တစ်ဦးပါဝင်

ကျဆုံးသွားသည့် ရဲဘော်များအနက် အမျိုးသမီး PDF ရဲဘော် မသက်သက်ဝင်းပါဝင်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအထူးတပ်ဖွဲ့မှ PDF ရဲဘော် မသက်သက်ဝင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကသာ(ပကဖ)
စစ်ကိုင်းတိုင်းအထူးတပ်ဖွဲ့မှ PDF ရဲဘော် မသက်သက်ဝင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကသာ(ပကဖ)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နားမော်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှရဲဘော် ခြောက်ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်း PDF ရဲဘော်တစ်ဦးက ပြောကြားသည်။

ယင်းသို့ကျဆုံးခဲ့သည့် ရဲဘော်များသည် စစ်ကိုင်းတိုင်းအထူးတပ်ဖွဲ့မှ PDF ရဲဘော်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျဆုံးသွားသည့် ရဲဘော်များအနက် အမျိုးသမီး PDF ရဲဘော် မသက်သက်ဝင်းပါဝင်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

ကျဆုံးခဲ့သည့် မသက်သက်ဝင်းနှင့် ရဲဘော် ငါးဦးတို့အား ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလေးနီပြုကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၄ရက်မှ စ၍ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများ၌ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က အသိပေးထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ကလည်း သေဆုံးထိခိုက်များကြောင်း၊ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ