Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တိုက်ပွဲ စစ်ကောင်စီအထိနာပြီးဗုံးသီးနှင့်ကျည်များ ရရှိ၊ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် ယနေ့ ထပ်မံ တိုက်ခိုက်

ဗန်းမောက်နယ်တွင် အောက်တိုဘာ ၄ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ရဲများကို KIA/PDF ပူးပေါင်း တိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ ဓါတ်ပုံ-BR)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ ဓါတ်ပုံ-BR)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ယခုလအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ ဗုံးသီးနှင့် ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း Banmauk Revolution က ယနေ့ အသိပေးထုတ်ပြန်သည်။

ဗန်းမောက်နယ်တွင် အောက်တိုဘာ ၄ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ရဲများကို KIA/PDF ပူးပေါင်း တိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

အောက်တိုဘာ ၄ရက်တွင် ဗန်းမောက်နယ် ကျောက်မဲတောင်အနီး တိုက်ပွဲဖြစ်ပွားပြီး ယင်းနေ့ညပိုင်း၌ ဗန်းမောက်ရဲစခန်းကို KIA /PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ အဆိုပါ ရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များပြားခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၅ရက်နှင့် ၆ရက် တွင်လည်း ဗန်းမောက်မြို့နယ် ကျောက်အိုင်ရွာ အနီးတွင် တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း Banmauk Revolutionက ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ဗန်းမောက်နယ် ကျောက်အိုင်ရွာနှင့် စီးမော်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲများ၌ ထိနာသည့် စစ်ကောင်စီတပ်သည် တပ်ဖျောက်ထားရမြှ ယနေ့ အောက်တိုဘာ ၁၁ရက် နေ့လည်ပိုင်း၌ နားမော်ရွာဘက်သို့ စစ်ကြောင်းထိုးလာရာ KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့၍ တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

ယခင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးများစွာရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားပြီး ပူးပေါင်းတပ်မှလည်း ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ဒေသခံ အချို့ တောထဲသို့ ဟင်းရှာထွက်ရာ မိုင်းနင်းမိ၍ မိန်းကလေး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်၌ အပြန်အလှန် မိင်းထောင်မှုများ ရှိ၍ တောထဲသို့ ဟင်းရှာခြင်းမပြုရန် နီးစပ်ရာများက သတိပေး ပြောကြားစေလိုကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းပစ်၍ ပြည်သူတစ်ဦးဝမ်းဗိုက်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook