သတင်း ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောအုပ်စုတိုက်ခိုက်မှုရုပ်သံ မန္တလေး PDF ထုတ်ပြန် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်အား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(ဇူလိုင် ၂၂ရက်)တွင် ထုတ်ပြန်သည်။ ludunwayooဇူလိုင် 23, 2025
သတင်း ဧရာဝတီမြစ်မှာတိုက်ခိုက်ခံရတဲ့စစ်သင်္ဘောတွေ ပြန်လည်ဆန်တက် မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ဒဏ်ရာရသူအများအပြားရှိနေပြီး ဒီကနေ့ ဗန်းမော်မြို့ကိုဆက်လက်ဆန်တက် နေပြီလို့ ဒေသခံ တချို့ကပြောပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း စစ်တပ်သင်္ဘောတွေကို တိုက်ခိုက်တာမှာ သင်္ဘောတစ်စီးနစ်မြုပ်ပြီး ၃ စီးမီးလောင်ပျက်စီးတယ်လို့ မန္တလေး PDF အတည်ပြုထုတ်ပြန် ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကို မန္တလေးတိုင်း၊ မြို့နယ် ၃ မြို့နယ်မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းနဲ့ရိက္ခာတင် သင်္ဘောတစ်စီးနစ်မြုပ်ပြီး ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အတည်ပြုသတင်းထုတ်ပြန်လိုက်ပါတယ်။ ludunwayooဇူလိုင် 21, 2025
သတင်း မန္တလေး PDF ရဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့ မန္တလေး PDFက ဒီကနေ့ဇွန်လ (၂၅)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇွန် 25, 2025
သတင်း မတ္တရာမြို့နယ် အရှေ့ခြမ်းမှာတိုက်ပွဲပြင်းထန်နေ လပခ က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုပဲ မရမချင်းတိုက်ရမယ်လို့အမိန့်ပေးထားဟုဆို ludunwayooဇွန် 21, 2025
သတင်း စစ်အာဏာရှင်ကိုအမြစ်ဖျက်ဖို့ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိနေပြီလို့မန္တလေးPDFနှိုးဆော် စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။ ludunwayooဇွန် 8, 2025
သတင်း စစ်ကောင်စီလွှတ်ထားတဲ့ သူလျှိူများကိုမန္တလေး PDF ဖော်ထုတ် မန္တလေး PDF ထဲစစ်ကောင်စီစေလွှတ်ခဲ့တဲ့ အမျိုးသမီးတွေပါ ပါဝင်တဲ့ ဒလန်သူလျှိူ (၇)ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ပါတယ်။ ludunwayooမေ 27, 2025
သတင်း ခြေမြန်တပ်ရင်း(၇၀၃)မှ တပ်သားနှစ်ဦး လက်နက်များယူလာပြီး မန္တလေး PDFထံ အလင်းဝင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ်(၇၀၃)(ခမရ−၇၀၃)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ludunwayooမေ 4, 2025
သတင်း စစ်ကောင်စီဗုံးကြဲခဲ့သော ရေထွက်နှင့် လိပ်ကျရွာမှပြည်သူများကို မန္တလေးPDFတွေ့ဆုံထောက်ပံ့ကြေးပေး စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲအကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာနှင့် လိပ်ကျကျေးရွာတို့ရှိ အိမ်ထောင်စုများအားပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တလေးPDF)က ဧပြီလ(၂၇)ရက်နေ့တွင်တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။ ludunwayooမေ 2, 2025
သတင်း မန္တလေးPDF ထိန်းချုပ်ထားတဲ့ မတ္တရာအရှေ့ခြမ်းကို စစ်ကောင်စီစစ်ကြောင်းထိုးလို့တိုက်ပွဲတွေဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထိန်းချုပ်ထားတဲ့မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေ နဲ့ နယ်ခံ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။ ludunwayooဧပြီ 24, 2025