Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောအုပ်စုတိုက်ခိုက်မှုရုပ်သံ မန္တလေး PDF ထုတ်ပြန်

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်အား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(ဇူလိုင် ၂၂ရက်)တွင် ထုတ်ပြန်သည်။

​တော်လှန်​ရေးတပ်ဖွဲ့​တွေကစစ်သင်္ဘော​တွေကို တိုက်ခိုက်​​​နေစဥ်။ဓါတ်ပုံ-မန္တ​လေးPDF

ဇူလိုင်-၂၂၊၂၀၂၅/People’s Spring

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်အား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(ဇူလိုင် ၂၂ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်သင်္ဘောအုပ်စုအား မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့၏မြစ်ကြောင်းတစ်လျှောက်၌ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။

ဇူလိုင် ၁၇ရက်တွင် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှစတင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ စစ်သင်္ဘော(၅)စီးပါ စုစုပေါင်းသင်္ဘော(၁၄)စီးအုပ်စုအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါမြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့်ရိက္ခာများတင်ဆောင်ထားသောတွဲတွန်းသင်္ဘော(၁)စီး နစ်မြှုပ်သွားခဲ့ပြီး စစ်သင်္ဘော(၁)စီးနှင့်အခြားတွန်းသင်္ဘော(၂)စီးသည် မီးလောင်ပျက်စီးမှုများပြားခဲ့သည်ဟု ဇူလိုင် ၂၀ရက်တွင် ကနဦး ထုတ်ပြန်ထားသည်။

https://www.facebook.com/LuduNwayOo/videos/1547630353341190

ရုပ်သံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

ဆောင်းပါး

စစ်ကိုင်း၊ မင်းကွန်းကို ဧရာဝတီမြစ်ရေကြောင်းကနေသွားခဲ့ရင်ကျွန်းပေါ်ရွာကလေးတစ်ရွာကို မြင်ဖူးကြလိမ့်မယ်။ရွာကလေးက အမည်ကလေး လှပါတယ်။ နန်းတော်ကျွန်းတဲ့။ မတ္တရာမြို့နယ်ထဲပါတဲ့၊ အင်မတန်လှတဲ့ ရွာကလေးပါ။