Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောအုပ်စုတိုက်ခိုက်မှုရုပ်သံ မန္တလေး PDF ထုတ်ပြန်

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်အား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(ဇူလိုင် ၂၂ရက်)တွင် ထုတ်ပြန်သည်။

​တော်လှန်​ရေးတပ်ဖွဲ့​တွေကစစ်သင်္ဘော​တွေကို တိုက်ခိုက်​​​နေစဥ်။ဓါတ်ပုံ-မန္တ​လေးPDF

ဇူလိုင်-၂၂၊၂၀၂၅/People’s Spring

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော(၅)စီးပါ သင်္ဘောအုပ်အား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(ဇူလိုင် ၂၂ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်သင်္ဘောအုပ်စုအား မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့၏မြစ်ကြောင်းတစ်လျှောက်၌ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။

ဇူလိုင် ၁၇ရက်တွင် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှစတင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ စစ်သင်္ဘော(၅)စီးပါ စုစုပေါင်းသင်္ဘော(၁၄)စီးအုပ်စုအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါမြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့်ရိက္ခာများတင်ဆောင်ထားသောတွဲတွန်းသင်္ဘော(၁)စီး နစ်မြှုပ်သွားခဲ့ပြီး စစ်သင်္ဘော(၁)စီးနှင့်အခြားတွန်းသင်္ဘော(၂)စီးသည် မီးလောင်ပျက်စီးမှုများပြားခဲ့သည်ဟု ဇူလိုင် ၂၀ရက်တွင် ကနဦး ထုတ်ပြန်ထားသည်။

https://www.facebook.com/LuduNwayOo/videos/1547630353341190

ရုပ်သံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။