Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သင်္ဘောတွေကို တိုက်ခိုက်တာမှာ သင်္ဘောတစ်စီးနစ်မြုပ်ပြီး ၃ စီးမီးလောင်ပျက်စီးတယ်လို့ မန္တ​လေး PDF အတည်ပြုထုတ်ပြန်

ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကို မန္တလေးတိုင်း၊ မြို့နယ် ၃ မြို့နယ်မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းနဲ့ရိက္ခာတင် သင်္ဘောတစ်စီးနစ်မြုပ်ပြီး ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အတည်ပြုသတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဇူလိုင်-၂၀၊ ၂၀၂၅။​​မေရီ၊​မေ/People’s Spring

ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကို မန္တလေးတိုင်း၊ မြို့နယ် ၃ မြို့နယ်မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းနဲ့ရိက္ခာတင် သင်္ဘောတစ်စီးနစ်မြုပ်ပြီး ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အတည်ပြုသတင်းထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် (၁၇)ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော(၅)စီးပါ စုစုပေါင်းသင်္ဘော(၁၄)စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကနေ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေတလျှောက် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ မန္တလေး PDFကဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့လက်နက်ခဲယမ်းနဲ့ရိက္ခာတွေတင်ဆောင်ထားတဲ့ တွဲတွန်းသင်္ဘော(၁)စီး နစ်မြှုပ်သွားခဲ့ပြီး စစ်သင်္ဘော(၁)စီးနဲ့ တ​ခြာတွန်းသင်္ဘော(၂)စီးဟာ မီးလောင်ပျက်စီးမှုများပြားခဲ့တယ်လို့ မန္တလေး PDFက သတင်းဓါတ်ပုံနဲ့တကွအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောအုပ် အထက်သို့ဆန်တက်ရာမှာ မြစ်ကြောင်းတလျှောက် Y-12 လေယာဉ်များနဲ့ ထပ်ကြပ်မကွာ ဗုံးကြဲစောင့်ရှောက်ပေးခဲ့ပြီး ဂျက်ဖိုက်တာ ၊ Mi-35 များနဲ့ အကြိမ်ကြိမ်ဗုံးကြဲနေတဲ့ကြားကနေ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က​ဖော်ပြပါတယ်။

“ဒီ‌‌မီးလောင် ပျက်စီးသွားတဲ့ သင်္ဘောတွေကို စစ်ကောင်စီဘက် တခြားသင်္ဘောတွေကဘေးနှစ်ဖက်ကနှစ်စီးကနေတွဲပြီးတော့ မရမရဆန်တက်သွားတာတော့ရှိတယ်။သို့ပေမယ့် တော်တော်လေး အထိနာခဲ့တယ်လို့ ပြောရင်ရပါတယ်”လို့ မန္တ​လေးPDF​ပြော​ရေးဆိုခွင့်ရှိသူ ကို​အော်စမွန်က​ပြောပါတယ်။

ဒီသင်္ဘောအုပ်စုတွေဟာ ရည်ရွယ်ချက်ကို အကောင်းပကတိအတိုင်း ရောက်ဖို့တော့ အထိနာသွားပြီးဖြစ်တဲ့အတွက်မလွယ်ကူတော့ဘူးလို့ ကို​​အော်စမွန်ကသုံးသပ်ပါတယ် ။

စဉ့်ကူးမြို့နယ်ဒေသခံတဦး ကလည်း”မြစ်ကြောင်းကျဉ်းတဲ့ နေရာမှာ အတိုက်ခံရတာ။အောက်ပိုင်းကကျ ရေတက်ချိန် မြစ်ပြင်ကျယ်နေ သေး တော့တိုက်မရတာဖြစ်မယ်။စစ်တပ်က တော်တော်အထိနာတယ်”လို့ ပြောပါတယ်။

တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်​ရေယာဥ်​တွေဟာ မူလက ကမ်းကပ်နားမယ့်အစီစဉ်ရှိ​ပေမယ့် ကမ်းမကပ်​တော့ပဲည၁၀နာရီခွဲလောက်မှာမလယ်ရွာအနီးကမြစ်လယ်မှာ ကျောက်ချရပ်နားခဲ့တာလို့ သိရပါတယ်။အဲဒီနောက် ဒီမနက်မှာ ပြန်လည်ဆန်တက်နေပြီး ထီးချိုင့်မြို့နယ်က ပြည်သူ တွေ စတင်စစ်ဘေး ရှောင် နေပြီလို့လည်း​ဒေသခံအချို့က​ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်အနောက်ခြမ်း ကျေးရွာတွေက ပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းအနောက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ခဲ့သလို မတ္တရာနဲ့နယ်နမိတ်ချင်းထိဆက်နေတဲ့ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကိုလည်း ကာကွယ်ရေးအဖွဲ့တွေက ဇူလိုင် ၂၀ ရက်​နေ့မှာဝင်ရောက်တိုက်ခိုက်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ မော်လိုက်မြို့ကိုရောက်ရှိနေပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ