ဇူလိုင်-၂၂၊၂၀၂၅။မေ/People’s Spring
မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ဒဏ်ရာရသူအများအပြားရှိနေပြီး ဒီကနေ့ ဗန်းမော်မြို့ကိုဆက်လက်ဆန်တက် နေပြီလို့ ဒေသခံ တချို့ကပြောပါတယ်။
သပိတ်ကျင်းမြို့နယ် မြောက်ပိုင်းက ပန်းပင်ရွာအနီးမှာ ဒဏ်ရာရစစ်သားတွေကို ဆေးကုတာနဲ့ သင်္ဘောစက်ခန်း ပြင်ဆင်တာတွေပြုလုပ်ခဲ့ပြီး ဇူလိုင် ၂၂ ရက်နေ့မှာစတင်ဆန်တက်နေတာလို့သိရပါတယ်။
ဇူလိုင်လ၁၉ ရက်မှာ စစ်သင်္ဘော တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး သင်္ဘောတစီး မြှုပ်ကာ ၃စီး ပျက်စီးခဲ့တယ်လို့ မန္တလေးPDF ကထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
“မနေ့က ဒဏ်ရာရတွေကိုဆေးကုပေးပြီး စက်ခန်းပြုပြင်တာတွေ လုပ်တယ်။ဒီမနက်စဆန်တက်နေပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီသင်္ဘော တွေတိုက်ခိုက်ခံရချိန်မှာ ဒဏ်ရာရတဲ့သူအများအပြားရှိပြီး သေဆုံးသူ တွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်သင်္ဘောအုပ်စုဟာဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာအင်းတော်မြို့နယ်အတွင်းရောက်ရှိနေပြီးဗန်းမော်မြို့အထိ ဆန်တက်မှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ဒီဇင်ဘာလကစပြီးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့ကို စစ်ကူနဲ့ လက်နက်ခဲယမ်း၊စားနပ်ရိက္ခာတွေ ပို့ပေးဖို့အတွက်စစ် သင်္ဘောတွေ ဟာ မန္တလေး မြို့ ၊ဂေါဝိန်ဆိပ်ကမ်းကဇူလိုင်လ၁၇ ရက်မှာစတင်ထွက်ခွာခဲ့တာပါ။
သပိတ်ကျင်းမြို့ကို PDF တွေ သိမ်းခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ နောက်ပိုင်း ဂေါဝိန်-သပိတ်ကျင်း-ထီချိုင့်-ရွှေကူ-ဗန်းမော် ရေလမ်းကြောင်းကို စစ်တပ်ကပထမဆုံးအကြိမ်ပြန်အသုံးပြုတာဖြစ်ပါတယ်။
၂၀၂၄မိုးရာသီတုန်းလည်း ဗန်းမော်မြို့ကစစ်တပ်စခန်းတွေကို စစ်အင်အားနဲ့စက်လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေဖြည့်တင်းဖို့ ရေကြောင်းကတက်လာတဲ့စစ်တပ်ရေယာဉ်အုပ်ကို KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာမှာစက်တင်ဘာတတိယပါတ်မှာ စစ်ရေယာဥ် ၈ စီးခန့် မီးလောင်ပေါက်ကွဲပျက်စီးတာ၊နစ်မြုပ်တာတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်စစ်ရေယာဥ်အနည်းငယ်ပဲ ဗန်းမော်ကိုရောက်ခဲ့ပါတယ်။




















































