Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကိုအမြစ်ဖျက်ဖို့ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိနေပြီလို့မန္တလေးPDFနှိုး​ဆော်

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

ဇွန်၇၊၂၀၂၅။မေရီ/People’s Spring

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ (၇)ရက်နေ့မှာ၊NUG ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က “ဓမ္မ နဲ့ အဓမ္မ ကြားမှာ သင်ဘယ်ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်မှာလဲ”ဆိုတဲ့ ပြည်

သူလူထုကို အသိပေးနှိုးဆော်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါလို့ မန္တလေး PDF က နှိုးဆော်ပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်၊ယမ်းကုန်၊တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်ပါတယ်။အာဏာရှင်ကိုအမြစ်ဖျက်ဖို့ပန်းတိုင်ဟာဖြင့် မဝေးတော့ပါဘူး။ဒါ့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့နဲ့အတူ ပူးပါင်းပါဝင်အားဖြည့်ပေးကြပါ။”လို့ မန္တလေး PDFက တိုက်တွန်းပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင်၊ မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလားလို့ မန္တလေး PDFက မေးခွန်းထုတ်ထားပါတယ်။

“ပိုက်ဆံပေးနိုင်သူတွေဟာလည်းအချိန်အတိုင်းအတာ တစ်ခုထိပဲ စာရင်းထဲမပါသေးတာပါ။ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။”လို့ မန္တလေး PDF က ဆိုပါတယ်။

စစ်မှုထမ်းခေါ်ယူမှုကလည်း အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ တောရော မြို့ပါ မကျန် လူငယ်တိုင်းသတိပြုကြဖို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တ​လေးPDF ဟာ ၁၀၂၇ စစ်ဆင်​ရေးနဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ စဥ့်ကူးမြို့နယ်တစ်ခုလုံးက စစ်တပ်စခန်း​တွေကို ဦး​ဆောင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ၊​နောင်ချို ၊မိုးကုတ်၊မိုးမိတ် ၊သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ​တွေမှာလည်း​တော်လှန်​ရေးတပ်​​တွေနဲ့အတူ ထိုးစစ်ဆင်သိမ်း

ပိုက်ခဲ့ပါတယ်။မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်တပ်က မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်​ကြောင်းထိုးလာလို့ စစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ခိုက်​နေတဲ့ ​တော်လှန်​ရေးအဖွဲ့ဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။