News မုံရွာတွင် ယနေ့ည လေးနေရာ၌ ဗုံးကွဲ ထိခိုက်သေဆုံးမှုနှင့် ဒါဏ်ရာရရှိမှု အသေးစိတ်ကို ရဲဘော်များ၏လုံခြုံရေးအရ စောင့်ကြည့် မှတ်သားရန် မဖြစ်နိုင်ပါသောကြောင့် ဖေါ်ပြပေးနိုင်ခြင်းမရှိကြောင်း People’s Defence Force - South Monywa ကအသိ့ပေးသည်။ LuduNwayOoအောက်တိုဘာ 23, 2021
News မုံရွာတွင် စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရ မုံရွာအခြေစိုက် PDFစခန်းအချို့ စစ်ကောင်စီဝင်ရောက်ဖျက်ဆီးမှုသတင်းများလည်း ထွက်ပေါ်နေပြီး PDF-South Monywaကမူ အဆိုပါသတင်းများနှင့်ပတ်သက်၍ လက်တလောသတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ဖြေကြားသည်။ LuduNwayOoအောက်တိုဘာ 22, 2021
News မုံရွာ-အရာတော်လမ်းကို ပြည်သူများအသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသတိ့ပေး၊ စစ်ကိုင်းတိုင်းရှိလမ်းအများစုနှင့်ပတ်သပ်၍လည်းပြည်သူကိုအသိ့ပေး အလားတူ စစ်ရေး အခြေအနေအရ ကလေး -ဂန့်ဂေါ လမ်းပိုင်းကို ယနေ့(အောက်တိုဘာ ၂၂ ရက်)ကစ၍ ရက်သတ္တပတ် အတွင်း မော်တော်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF Kalay ကလည်းထုတ်ပြန်ထားသည်။ LuduNwayOoအောက်တိုဘာ 22, 2021
News မုံရွာတွင် သီးတင်းကျွတ်လပြည့်ညက ရဲစခန်းနှစ်ခုအပါအဝင် သုံးနေရာတွင်ဗုံးကွဲ မုံရွာမြို့တွင် သီတင်းကျွတ်လပြည့်ည(ယမန်နေ့ည)က ရဲစခန်းနှစ်ခုအပါအဝင် နေရာသုံးနေရာတွင် မိုင်းခွဲခဲ့ကြောင်း PDF - South Monywaက အသိပေးသည်။ LuduNwayOoအောက်တိုဘာ 21, 2021
News ဇာဂနာနှင့် မုံရွာအောင်ရှင် မတရားဖမ်းဆီးခံရမှုမှ ပြန်လွတ်မြောက်လာ မုံရွာအောင်ရှင်ကိုမှု စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်ကတည်းက ဖမ်းဆီးခံခဲ့ရကာ ရေကြည်အိုင်စစ်ကြောရေးတွင်ကနဦး စစ်ဆေးမေးမြန်းခံခဲ့ရပြီးနောက် မတ်လဆန်းတွင် အင်းစိန်ထောင်၌ တိုက်ပိတ်ခံခဲ့ရသူ ဖြစ်သည်။ LuduNwayOoအောက်တိုဘာ 18, 2021
News စစ်ကောင်စီကိုသာပစ်မှတ်ထားပြီး မိမိတို့အသုံးပြုသော မိုင်းမှာ ဖယ်ရှားထိခိုက်ရုံဖြင့်မပေါက်ကွဲသည့် အဝေးထိန်းမိုင်းများသာဖြစ်ကြောင်း မုံရွာသံမဏိအဖွဲ့သားများရှင်းလင်း အမှိုက်ပုံး ထားရှိသောနေရာတွင် ဖယ်ရှားရှင်းလင်းစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း၊ မိမိတို့အသုံးပြုသောမိုင်းများသည် ထိခိုက်ဖယ်ရှားမှု လုပ်ရုံဖြင့် ပေါက်ကွဲစေသောမိုင်းမျိုးမဟုတ်ကြောင်း သံမဏိအဖွဲ့သားများ MPDF(ကိုယ်စားပြု) ကအသိပေးခဲ့သည်။ LuduNwayOoအောက်တိုဘာ 14, 2021
News စည်ပင်ဝန်ထမ်းတစ်ဦးသေဆုံးခဲ့သော ဗုံးခွဲမှုမှာ စစ်ကောင်စီတပ်မှ ပြည်သူနှင့် ပြည်သူ့အဖွဲ့ကြားသွေးခွဲရန် လုပ်ကွက်တစ်ခုဟု မုံရွာသပိတ်ကော်မတီဝင်တစ်ဦးသုံးသပ် ဗုံးပေါက်ကွဲခဲ့သော မြို့လယ် မီးပွိုင့်နေရာသည် မုံရွာပင်မ သပိတ်စစ်ကြောင်းမှ မုံရွာမြို့ခံပြည်သူများ မကြာခဏ စုဝေးပြီး အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြလေ့ရှိသောနေရာ ဖြစ်ကြောင်း မုံရွာလူထုလှုပ်ရှားမှုကော်မတီကလည်း အသိပေးထားသည်။ LuduNwayOoအောက်တိုဘာ 14, 2021
News မုံရွာက ဒလန်အကြီးစားကောင်းလျှံ သေနတ်ဖြင့် ငါးချက်ပစ်သတ်ခံရ အောက်တိုဘာ ၁၂ ရက်ကလည်း မုံရွာမြို့အမှတ်(၂) ရဲစခန်းအတွင်းသို့ PDF - South Monywa က လက်ပစ်ဗုံး၁၀လုံးပစ်သွင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ LuduNwayOoအောက်တိုဘာ 13, 2021
News မုံရွာအမှတ် (၂)ရဲစခန်း ဗုံးအပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေ PDFဘက်ကမူ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ် ပွန်းပဲ့ဒါဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု မုံရွာ PDFက အသိပေးသည်။ LuduNwayOoအောက်တိုဘာ 12, 2021
News မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးအဖွဲ့ များကမိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်အများအပြားသေဆုံးဒဏ်ရာရ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အများအပြားကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့သည်ဟု သတင်းရရှိထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ LuduNwayOoအောက်တိုဘာ 11, 2021