Connect with us

Hi, what are you looking for?

News

မုံရွာနှင့်ပခုက္ကူမြို့နယ်မှ ပျူစောထီးခေါင်းဆောင်ဆိုသူများကို ဒေသခံ PDFများက သတ်

ပခုက္ကူမြို့တွင်လည်း ပျူစောထီးခေါင်း ဆောင်တစ်ဦးကို ပခုက္ကူ(PDF)က ယမန်နေ့က သတ်ခဲ့သည်။

မုံရွာမြို့နယ်နှင့် ပခုက္ကူမြို့နယ်များရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်များအား ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၉ ရက်က မုံရွာမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးခေါင်းဆောင် ကိုပေါရှိန်နှင့် အပေါင်းပါများအားသေနတ်ဖြင့်(၁၀)ချက်ခန့် ပစ်ခတ်ရှင်းလင်း သုတ်သင်ခဲ့ကြောင်း Monywa Heroes Groupက အသိပေးသည်။

အလားတူ ပခုက္ကူမြို့တွင်လည်း ပျူစောထီးခေါင်း ဆောင်တစ်ဦးကို ပခုက္ကူ(PDF)က ယမန်နေ့က သတ်ခဲ့သည်။

အောက်တိုဘာလ ၂၉ ရက်က ပခုက္ကူမြိုနယ် အနောက်ဘုန်းကန်ကျေးရွာရှိ ပြည်သူများအားစစ်ကောင်စီအလိုကျ နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပန်း‌ခြင်း၊ သတင်း ပေးခြင်း၊ မိသားစုလိုက်ဗိုလ်ကျစိုးမိုးခြင်းများ ဆောင်ရွက်လျက်ရှိသော မြို့နယ်ပျူစောထီးထိပ်ပိုင်းခေါင်းဆောင်၊ လက်ရှိ‌ ကျေးရွာအုပ်ချုပ်ရေးမှူး မင်းဇော်ဦးနှင့် ၎င်း၏ ဖခင်စစ်ကောင်စီသတင်းပေး၊ ပျူစောထီး မြင့်အောင်တို့မိသားစုအား PPDF မြေပြင်တိုက်ခိုက်ရေးအဖွဲ့ က ၀င်ရောက်ရှင်းလင်းခဲ့ရာ မြင့်အောင်နှင့် အခြားတစ်ဦးအား‌ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ‌မင်းဇော်ဦးမှာ ထိခိုက်ဒဏ်ရာအချို့ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း PPDFက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်းအခြားကျန်ရှိနေသောပျူစောထီးများ၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့လုပ်ရပ်များအမြန်ဆုံးရပ်တန့်၍ ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြရန် နှင့်ဆက်လက်ပါ၀င်ပတ်သက်မည်ဆိုပါက ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Monywa Heroes Groupနှင့် PPDFတို့က ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။