Connect with us

Hi, what are you looking for?

News

မန္တလေး-မုံရွာကားလမ်းကို ပြည်သူများတက်နိုင်သမျှမသုံးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမေတ္တာရပ်ခံ

ယနေ့(အောက်တိုဘာ၂၇) နံနက်ပိုင်းကလည်း မုံရွာ- မန္တလေးလမ်းမကြီးပေါ် မြင်းမူနှင့် စစ်ကိုင်းနယ်များတွင် စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(မုံရွာ-မန္တလေးလမ်းတွင် ညောင်ပင်ဝန်းမှ မုံရွာအထိကားလမ်းကို အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၂၇ ရက်တွင်ပိတ်လိုက်၍ ကားအစီးရေများစွာပိတ်မိခဲ့သည်။ ဓာတ်ပုံ - CJ)

ခုခံကာကွယ်စစ်နှင့် တော်လှန်ရေးအရှိန် မြှင့်တင်တော့မည်ဖြစ်သောကြောင့် စစ်ကိုင်းတိုင်း မုံရွာ – မန္တလေး ကားလမ်းမကြီးပေါ်သို့ အရေးကြီး ကျန်းမာရေးကိစ္စရပ်များမှလွဲ၍တက်နိုင်သမျှ အသုံးမပြုရန် မုံရွာအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးသည်။

မုံရွာနယ်အခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် PDF_South_Monywa၊ Monywa_Heroes_Group၊ သံမဏိအဖွဲ့သားများက ပြည်သူများကို မုံရွာ – မန္တလေး လမ်းမကြီးအား တတ်နိုင်သမျှ အသုံးမပြုကြပါရန် အနူးအညွတ် မေတ္တာရပ်ခံတောင်းပန်ကြောင်း၊မုံရွာ – မန္တလေး လမ်းမကြီးအား အသုံးပြုမည်ဆိုပါက မိမိတို့၏ မော်တော်ယာဉ်များကို စစ်ကားတန်းများနှင့် တတ်နိုင်သမျှ ဝေးရာနေရာမှ မောင်းနှင်ပေးကြစေလိုကြောင်း အသိပေးသည်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် မိဘပြည်သူများအား ထိခိုက်မည့် မည်သည့်ကိစ္စရပ်မျှ ပြုလုပ်မည်မဟုတ်သည်ကို အကြမ်းဖက်စစ်ကောင်စီမှ သိရှိပြီး ၎င်းတို့က ထိုအချက်ကို လက်နက်သဖွယ် အသုံးပြုနေကြသည်ကို မိဘပြည်သူများ နားလည်သဘောပေါက်ကြမည်ဖြစ်ကြောင်း၊ မုံရွာ-မန္တလေးလမ်းမကြီးတွင်အရေး ကြီး ကျန်းမာရေးကိစ္စရပ်များမှလွဲ၍ တက်နိုင်သမျှ အသုံးမပြုရန်နှင့် ညအချိန် (ည၇ နာရီနောက်ပိုင်း) ခရီးသွားလာခြင်းများ မပြုလုပ်ခြင်းဖြင့် တော်လှန်ရေးတိုက်ပွဲမှာပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးကြေညာထားသည်။

ယနေ့(အောက်တိုဘာ၂၇) နံနက်ပိုင်းကလည်း မုံရွာ- မန္တလေးလမ်းမကြီးပေါ် မြင်းမူနှင့် စစ်ကိုင်းနယ်များတွင် စစ်ကောင်စီတပ်ကားများ မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook