Connect with us

Hi, what are you looking for?

News

ကလေးငယ်သုံးဦးသေဆုံးအောင် မိုင်းခွဲခြင်းမှာ ပြည်သူနှင့် PDFကြား သွေးခွဲရန်လုပ်ဆောင်ခြင်းဟု မုံရွာ PDFထုတ်ပြန်

ပေါက်ကွဲမှုဖြစ်စဥ်တွင် မျက်မြင်တွေ့ရှိခဲ့သော ဒေသခံများ၏ ဖြေကြားချက်အရ နံနက် ၆နာရီမှစ၍ ပေါက်ကွဲမှုဖြစ်ပွားချိန် နံနက် ၈နာရီ အထိအခင်းဖြစ်ပွားရာ လမ်းကြားတွင် ပစ်စတိုသေနတ်ခါးကြားထိုးထားသော အရပ်ဝတ်စစ်ကောင်စီတပ်သားများ အသွားအလာပြုလုပ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကြား သွေးခွဲရန်ရည်ရွယ်ပြီး ကလေးငယ်နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိအောင် မိုင်းခွဲခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)က အသိပေးထုတ်ပြန် သည်။

ထိုဖြစ်စဥ်မှာ အောက်တိုဘာ ၂၄ ရက်က မုံရွာမြို့ အ.ထ.က (၂) ကျောင်း တောင်ဘက်လမ်း၌ အကြီးစားပေါက်ကွဲမှုမှတစ်ဆင့် ကလေးငယ်သုံးဦး ထိခိုက်သေဆုံးသည်အထိ စစ်ကောင်စီက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်စဥ်တွင် မျက်မြင်တွေ့ရှိခဲ့သော ဒေသခံများ၏ ဖြေကြားချက်အရ နံနက် ၆နာရီမှစ၍ ပေါက်ကွဲမှုဖြစ်ပွားချိန် နံနက် ၈နာရီ အထိအခင်းဖြစ်ပွားရာ လမ်းကြားတွင် ပစ်စတိုသေနတ်ခါးကြားထိုးထားသော အရပ်ဝတ်စစ်ကောင်စီတပ်သားများ အသွားအလာပြုလုပ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီယာဥ်သုံးစီးသည် ပေါက်ကွဲမှု မဖြစ်မီ လမ်းကြားထဲ၌ပင် လူအတင်၊အချလုပ်ခြင်း နှင့် မည်သူခေါ်လာမှန်းမသိသော ကလေးငယ်သုံးဦးကိုလည်း အရပ်ဝတ်စစ်ကောင်စီတပ်သားများက အမှိုက်ပုံအနီး သွားခိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ကလေးငယ်များ အမှိုက်ပုံအနီး ရောက်ရှိတွင် ပေါက်ကွဲမှုဖြစ်ကာ နှစ်ဦးမှာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံး၍ ကျန်တစ်ဦးမှာ ပေါင်ပြတ်သွားခဲ့သည်ဆိုသော ရင်နင့်ဖွယ် ဖြစ်ခဲ့ရကြောင်း MPDF က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာရှိ ပြည်သူများ၏ ပြောဆိုချက်အရ ကလေးငယ်သုံးဦးစလုံးမှာ အခင်းဖြစ်ရာ ပတ်ဝန်းကျင်မှမဟုတ်ကြောင်းလည်း MPDF က အတည်ပြုသည်။

ထို့ကြောင့် ပြည်သူလူထုနှင့် ပြည်သူ့ဘက်တော်သားတော်လှန်ရေး အင်အားစုများကိုတစ်ဖက်လှည့် သွေးခွဲလုပ်ဆောင်သော စစ်ကောင်စီ၏ အောက်တန်းအကျဆုံး လုပ်ရပ်ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတ်မှတ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook