Connect with us

Hi, what are you looking for?

News

မုံရွာတွင် ယနေ့ည လေးနေရာ၌ ဗုံးကွဲ

ထိခိုက်သေဆုံးမှုနှင့် ဒါဏ်ရာရရှိမှု အသေးစိတ်ကို ရဲဘော်များ၏လုံခြုံရေးအရ စောင့်ကြည့် မှတ်သားရန် မဖြစ်နိုင်ပါသောကြောင့် ဖေါ်ပြပေးနိုင်ခြင်းမရှိကြောင်း People’s Defence Force – South Monywa ကအသိ့ပေးသည်။

မုံရွာမြို့တွင် ယနေ့ညပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်များရှိရာ နေရာလေးနေရာ၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ညပိုင်း၌ မုံရွာမြို့ရှိ MyTel ရုံး အတွင်း ဗုံး ပစ်သွင်းခံရပြီး ရုံးအပြင်မှ အစောင့်တစ်ယောက်ထိသွားကြောင်း၊ သာစည်မီးပွိုင့်နှင့် မုံရွာဘူတာကြား စစ်ကောင်စီတပ်အုပ်ကြားထဲ ဗုံးပစ်ခံရပြီး စစ်သားနှစ်ဦးထိသွားကြောင်း၊ ထို့အပြင် မုံရွာ တရုတ် သုဿန်အနီး မိုင်းခွဲရာ စစ်ကားတစ်စီးမိုင်းထိခဲ့ပြီး မုံရွာ မြို့တော်ခန်းမ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ဓါတ်တိုင်တွင် မိုင်းတစ်လုံးခွဲခဲ့ရာ စစ်သားတစ်ယောက်ထိသွားကြောင်း People’s Defence Force – South Monywaက သတင်းထုတ်ပြန်သည်။

ထိခိုက်သေဆုံးမှုနှင့် ဒါဏ်ရာရရှိမှု အသေးစိတ်ကို ရဲဘော်များ၏လုံခြုံရေးအရ စောင့်ကြည့် မှတ်သားရန် မဖြစ်နိုင်ပါသောကြောင့် ဖေါ်ပြပေးနိုင်ခြင်းမရှိကြောင်း People’s Defence Force – South Monywa ကအသိ့ပေးသည်။

ယခုည စစ်ဆင်ရေး စုစုပေါင်း (၄) ခု၌ ဒေသခံ PDFဘက်မှ ယမ်းစင်၍ လက်ထိခိုက်ခြင်းမှအပ ထိခိုက်မှု လုံးဝ မရှိဟုလည်းဆိုသည်။

Public Service Announcement

Public Service Announcement

ညနေပိုင်းကလည်း မုံရွာ ကန်သာယာ We Love Monywa အနီးတွင် သတိပေးဖေါက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ ဗုံးပေါက်ကွဲမှုများမဖြစ်ပွားမီ ည ၇ နာရီဝန်းကျင်ကတည်းက
မုံရွာမြို့ ကန်သာယာစည်ပင်ရုံးရှေ့၊ သာစည်လမ်းထိပ်နှင့်ဘူတာအနီးနေရာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အင်အားအများအပြားဖြင့် ရောက်ရှိနေခဲ့ကြောင်း မုံရွာဒေသခံများက ပြောသည်။

မိဘပြည်သူများအနေဖြင့် တော်လှန်ရေးတိုက်ပွဲအတွင်းဖြစ်သည်ကို မမေ့မလျော့ သတိကပ်၍ ဆန္ဒကို အသိ သတိနှင့်ချိုးနှိမ်ကာ ဆင်ခြင်ပေးကြစေချင်ကြောင်း၊ တော်လှန်ရေးတိုက်ပွဲအတွင်းမှာ ရောက်ရှိနေသည်ကို မမေ့မလျော့မှ ကျွန်တော်တို့အနေဖြင့် တိုက်ပွဲအရှိန် မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ မလိုအပ်ဘဲ အပြင်မထွက်ခြင်းဖြင့် တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ပူးပေါင်းပေးကြပါရန် People’s Defence Force – South Monywa မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။