Connect with us

Hi, what are you looking for?

News

ကလေးငယ်နှစ်ဦးသေဆုံးစေခဲ့သောပေါက်ကွဲမှုအပါအဝင် ဗုံးပေါက်ကွဲမှုနှစ်ခုမှာမိမိတို့နှင့်လုံးဝမသက်ဆိုင်ကြောင်း မုံရွာPDF ကြေညာ

အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မုံရွာမြို့လယ်မီးပွိုင့်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်အရွယ် သန့်ရှင်းရေးဝန်ထမ်း ယောကျာ်းလေးတစ်ဦးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့နံနက်ပိုင်းက ကလေးငယ်နှစ်ဦးသေဆုံးစေခဲ့
သည့် ပေါက်ကွဲမှုအပါအဝင် ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖောက်ခွဲမှုများအား ပါဝင် ပါတ်သက်ခဲ့ခြင်း လုံးဝမရှိကြောင်း People’s Defence Force – South Monywa ကသတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက် ၈ နာရီဝန်းကျင်က မုံရွာမြို့ မြို့တော်ခန်းမအနီးတွင်တစ်ကြိမ်၊ သူနာပြုသင်တန်းကျောင်းအနီးတွင်တစ်ကြိမ် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး သူနာပြုသင်တန်းကျောင်းအနီးပေါက်ကွဲမှုတွင် စွန့်ပစ်အမှိုက်ကောက်သည့်ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပေါက်ကွဲမှုများနှင့်ပါဝင် ပါတ်သက်ခဲ့ခြင်း လုံးဝ (လုံးဝ) မရှိကြောင်း People’s Defence Force – South Monywa မှ အသိပေးသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၁၀နှစ်အရွယ်ယောကျာ်းလေးနှစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့နှင့်ပါလာသည့် အသက် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ အသက်ရှင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မုံရွာမြို့လယ်မီးပွိုင့်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်အရွယ် သန့်ရှင်းရေးဝန်ထမ်း ယောကျာ်းလေးတစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီး​နောက် စစ်တပ်က လက်နက်ကြီးအ​သေးများဖြင့်ပြန်ပစ်ခတ်ကာ ၊အနီးဝန်ကျင်း​ကျေးရွာများကို စစ်​ကြောင်းထိုး

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်