Connect with us

Hi, what are you looking for?

News

ကလေးငယ်နှစ်ဦးသေဆုံးစေခဲ့သောပေါက်ကွဲမှုအပါအဝင် ဗုံးပေါက်ကွဲမှုနှစ်ခုမှာမိမိတို့နှင့်လုံးဝမသက်ဆိုင်ကြောင်း မုံရွာPDF ကြေညာ

အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မုံရွာမြို့လယ်မီးပွိုင့်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်အရွယ် သန့်ရှင်းရေးဝန်ထမ်း ယောကျာ်းလေးတစ်ဦးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့နံနက်ပိုင်းက ကလေးငယ်နှစ်ဦးသေဆုံးစေခဲ့
သည့် ပေါက်ကွဲမှုအပါအဝင် ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖောက်ခွဲမှုများအား ပါဝင် ပါတ်သက်ခဲ့ခြင်း လုံးဝမရှိကြောင်း People’s Defence Force – South Monywa ကသတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက် ၈ နာရီဝန်းကျင်က မုံရွာမြို့ မြို့တော်ခန်းမအနီးတွင်တစ်ကြိမ်၊ သူနာပြုသင်တန်းကျောင်းအနီးတွင်တစ်ကြိမ် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး သူနာပြုသင်တန်းကျောင်းအနီးပေါက်ကွဲမှုတွင် စွန့်ပစ်အမှိုက်ကောက်သည့်ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပေါက်ကွဲမှုများနှင့်ပါဝင် ပါတ်သက်ခဲ့ခြင်း လုံးဝ (လုံးဝ) မရှိကြောင်း People’s Defence Force – South Monywa မှ အသိပေးသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၁၀နှစ်အရွယ်ယောကျာ်းလေးနှစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့နှင့်ပါလာသည့် အသက် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ အသက်ရှင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မုံရွာမြို့လယ်မီးပွိုင့်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်အရွယ် သန့်ရှင်းရေးဝန်ထမ်း ယောကျာ်းလေးတစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။